ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ချင်ကြောင်း ထရမ့်ဆို

0
104

ယူကရိန်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်စေချင်ကြောင်း အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် က ပြောသည်။

“စစ်ပွဲတွေ ရပ်စေချင်တယ်” ဟု ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟဲရစ်နှင့် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ၌ ထရမ့်ကပြောခဲ့သည်။

အကျပ်အတည်းဖြေရှင်းရန် အလွန်လိုအပ်နေသော်လည်း လက်ရှိအမေရိကန်အစိုးရသည် ယူကရိန်းပဋိပက္ခကို ရပ်တန့်ရန် “မကြိုးစား” ကြောင်းကိုလည်း ထရမ့်က ထောက်ပြခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်တွင်ပင် ယူကရိန်း ပဋိပက္ခများကို ဖြေရှင်းရန် စီစဉ်နေကြောင်းကိုလည်း သူက ထပ်လောင်းပြောကြားသည်။

“စစ်ပွဲတွေကို ပြေလည်စေချင်တယ်။ သမ္မတ မဖြစ်ခင်မှာကို ပြေလည်အောင် လုပ်မှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

သူသာ သမ္မအဖြစ်ရှိနေလျှင် ယူကရိန်းနှင့် ဂါဇာကမ်းမြှောင်တွင် စစ်ပွဲများ ဖြစ်လာမည်မဟုတ်ဟုလည်း ထရမ့်ကဆိုသည်။

အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟဲရစ်နှင့် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲအတွင်းတွင် ပွဲကိုကြီးကြပ်သူများက လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရပါက ဂါဇာကမ်းမြောင်ရှိ အကျပ်အတည်းကို မည်ကဲ့သို့ ဖြေရှင်းမည်ဆိုခြင်းကိုထရမ့် အား မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here