လဟယ်မြို့တွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်များလဲကျကာ အုတ်တံတိုင်းနှင့် မီးကြိုးများပျက်ကျ

0
47

နာဂဒေသ လဟယ်မြို့တွင် မိုးသက်လေပြင်းတိုက်ခိုက်ခဲ့မှုကြောင့် သစ်ပင်များလဲကျပြီး အထက ကျောင်းအုတ်တံတိုင်း နှင့် ဓါတ်အားလိုင်းမီးကြိုးများ ပျက်ကျခဲ့ကြောင်း သိရသည်။

နာဂဒေသ လဟယ်မြို့တွင် စက်တင်ဘာလ (၁၁)ရက်၊ နံနက်ပိုင်း(၂) နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လဟယ်မြို့ အထက်တန်းကျောင်း ခြံစည်းရိုးရှိ သစ်ပင်ကြီးများလဲပြို၍ ကျောင်းခြံစည်းရိုးအုတ်တံတိုင်း (၁၀ပေ၊ ၇ပေ)ခန်း တစ်ခန်းပျက်စီးခဲ့ပြီး ကျောင်းရှေ့ရှိ လျှပ်စစ်ဓါတ်အားလိုင်းကြိုးများ ပြုတ်ကျ ပျက်စီးခဲ့ကြော င်း သိရသည်။

ထို့ပြင် လဟယ်မြို့ဒေသ‌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အ၀င်လမ်း ဓါတ်ပေါင်းစုဆုတောင်းပြည့် စေတီကုန်းရှိ သစ်ပင်ကြီးလဲကျပြီး ဒေသကော်မရှင်ရုံး အ၀င်လမ်း ပိတ်ဆို့ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ သစ်ပင်များကျိုးကျပြီး လမ်းများပိတ်ဆို့နေမှုနှင့် ပျက်ဆီးနေမှုကို နံနက် (၆)နာရီမှစ၍ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များ၊ ရပ်ကွက်ပြည်သူများ စု‌ပေါင်းပြီး သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ဓါတ်ကြိုးများ ပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ ပျက်စီးမှုတွင် လူနှင့်တိရိစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here