မိုးသည်းထန်စွာရွာသွန်း၍ ကဒက်ချောင်းရေမြင့်တက်လာကာ ကျိုက်ထိုမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက်အချို့ ရေကြီး/ရေလျှံမှုနှင့် ရင်ဆိုင်နေရ

0
39

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကဒက်ချောင်းရေမြင့်တက်လာကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက်အ ချို့ ရေကြီး/ရေလျှံမှုနှင့် ရင်ဆိုင်နေရပြီး ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးနေရကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၇)ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ယမန်နေ့ စက်တင်ဘာ (၁၁)ရက် နံနက်ပိုင်းတွင် ကဒတ်ချောင်းရေမြင့်တက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့ပိုင်း၊ အေးရိပ်ငြိမ်အနောက်ပိုင်း၊ ဇေယျာရွှေပြည်ပိုင်း၊ အုတ်ဖိုပိုင်းနှင့် ဇေယျာမွန်ရပ်ကွက်၊ တိုးချဲ့ကွက်သစ် (၁၊ ၂၊ ၃၊ ၄)လမ်းရှိ မြေနိမ့်ပိုင်း နေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ရာ ရေကြီး/ရေလျှံမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အဆိုပါ နေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့သဖြင့်ကော့စံနိုင်ရပ်ကွက်ရှိ အိမ်ခြေ (၃၉) အိမ်၊ အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၃၄) ဦးတို့အား ကော့စံနိုင်ရပ်ကွက် တောရဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံကယ်ဆယ်ရေးစခန်း၊ ဇေယျာမွန်ရပ်ကွက်ရှိ အိမ်ခြေ(၁၃)အိမ်၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၄၅)ဦးအား ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံကယ်ဆယ်ရေးစခန်းများ၌ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

အဆိုပါ နေအိမ်များအတွင်း ရေများဝင်ရောက်သည့်နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြိုနယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ကူညီပြောင်းရွှေ့နေရာထားပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် လူ/တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၆/၂) (၁၀၆/၃)အကြား ရေ (၄)လက်မခန့်၊ လမ်းအရှ ည် (၄၀၀)ပေခန့်နှင့် မိုင်တိုင်အမှတ်(၁၀၆/၆) (၁၀၆/၇)အ ကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄)လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလမ်းရေကျော်နေမှုကြောင့် ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ပိတ်ဆို့မှု မဖြစ်ပေါ်စေရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ရေလမ်းကြောင်းပြသရန်အတွက် မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here