တပ်ကုန်းမြို့ မကျီးပင်ရွာ အုတ်ဖိုဘုန်းတော်ကြီးကျောင်းမှ ကိုရင်များနှင့် ဆရာတော်များကို ကယ်တင်နိုင်ခဲ့

0
66

တပ်ကုန်းမြို့၊ မကျီးပင်ကျေးရွာ အုတ်ဖိုဘုန်းတော်ကြီးကျောင်းတွင် ရေဘေးကြောင့် အကူညီလိုအပ်နေကြောင်း လူမှုကွန်ရက်တွင် အကူညီတောင်းခံခဲ့သည့် ဆရာတော်နှင့် ကိုရင်များကို ကယ်တင်နိုင်ပြီဟု ရေဘေးကူညီဆောင်ရွက်နေသည့် ပရဟိတအသင်းထံမှ သိရသည်။

“ဒီမနက်မှာ သွားခေါ်နိုင်ခဲ့တာပါ။ ချောင်းရေကလည်း အစီးများနေတော့ ရေကတောက်လျှောက်တက်နေတယ်။ အခုခေါ်လာခဲ့ပါပြီ” ဟု သွားရောက်ကူညီကယ်ဆယ်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မကျီးပင်ကျေးရွာတွင် စက်တင်ဘာ (၁၁) ရက် နံနက်ပိုင်းက စတင်ကာ ရေများမြင့်တက်လာကာ ရေဘေးရှောင်ရန် မလွတ်တော့သည့်အတွက် လူမှုကွန်ရက်တွင် အကူညီတော င်းခံခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်က ပေါ်ပြူလာနယူးစ် သို့ မိန့်သည်။

“ရေက တက်တာမြန်တယ်။ ရွာထဲ ပိတ်မိနေသူတွေ ကျန်သေးတယ်။ ညဘက်ကြီး ရေတက်တာဆိုတော့ ဘာမှလုပ်ချိန်မရလိုက်ဘူး” ဟု ဆရာတော်က ပေါ်ပြူလာနယူးကို မိန့်သည်။

လက်ရှိတွင် ရေဘေးသင့်၍ အကူညီလိုနေသည့် ကိုရင် (၂) ပါးနှင့် သံဃာတော် (၃) ပါးကို ရေဘေးကင်းလွတ်ရာသို့ ရန်ကုန်သန်းမင်းကြွယ် ပရဟိတအဖွဲ့မှ ကူညီခေါ်ဆောင်နိုင်ခဲ့ပြီး ပိတ်မိနေသေးသည့် လူများကိုလည်း ကူညီကယ်ဆယ်နေသည်ဟု ကူညီလုပ်ဆောင်နေသည့် ပရဟိတအဖွဲ့များထံ မှ သိရသည်။

နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ ကျေးရွာအများအပြား ရေနစ်မြုပ်နေပြီး လူများရေထဲမျောပါခြင်းများ ရှိနေသလို နေအိမ်များအ တွင်း၌ ပိတ်မိနေသူများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရပြီး ရေကြီးမှုအတွင်း ဒေသခံ (၁၀) ဦး ‌ေ-သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here