နေပြည်တော်အပါအဝင် မြို့(၃) မြို့ရှိ ရေကြီးရေလျှံဖြစ်ပွားနေမှုကို အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေဟု နစကထုတ်ပြန်

0
67

ယာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးသန်းထည်စွာရွာသွန်းလျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နေပြည်တော်၊ ကျိုက်ထိုမြို့၊ ပျော်ဘွယ်မြို့နှင့် ဟိုပုံးမြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေမှုများကို ကူညီကယ်ဆယ်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေကြောင်း နစကမှ စက်တင်ဘာ (၁၁) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများအဆက်မပြတ် မြင့်တက်လျက်ရှိပြီးရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး တပ်ကုန်းမြို့နယ်တွင် စက်တင်ဘာ (၁၁) ရက် နံနက်ပိုင်းမှ စတင်ကာ ရေများမြင့်တက်လာခဲ့မှုကြောင့် ဘုရင့်နောင်ရပ်ကွက်၊ အနော်ရထာရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ တံတားအချို့ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အချို့နေရာများတွင် ရေကျော်ခြင်းများဖြစ်ပေါ်လျက်ရှိသည်။

အလားတူ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခြင်းနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း တလျှောက် ရေကျော်မှုများ ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်၊ ကျေးရွာများမှ လူနှင့်တိရစ္ဆာန်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရေး သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ မြို့နယ်၊ ရပ်ကွက်များနှင့်ကျေးရွာများအလိုက်တာဝန်ရှိသူများ၊တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန် – မော်လမြိုင်သွားကားလမ်း၊ ရေကျော်မှုဖြစ်ပွားခဲ့ပြီး ယာဉ်များ ပုံမှန်သွားလာနိုင်ရေး၊ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ရေလမ်းကြောင်းပြသရန်အတွက်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိပြီး ပျော်ဘွယ်မြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထား သံလမ်း မိုင်တိုင်အမှတ် (၂၈၅/၅ နှင့် ၂၈၅/၉)အကြား၊ အမှတ်(၁)သံလမ်းပေါ်ရှိ သံဘောင်တံတား ထောက်တိုင်မှာ ရေတိုက်စားမှုကြောင့် ပြုတ်ထွက်သွားသဖြင့် မီးရထားလိုင်းများပြေးဆွဲခြင်းကို ယာယီရပ်နားထားကြောင်း၊ မီးရထားများပုံမှန် ပြေးဆွဲနိုင်ရန်အတွက်သံဘောင်တံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ အခြေခံပညာ စာသင်ကျောင်းအချို့ ယာယီပိတ်ထားရကြောင်း သိရသည်။

ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် နေရာများသို့ ဒေသအလိုက်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက ကူညီကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ချောင်းများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မြစ်ချောင်းများတစ်လျှောက်ရှိ မြေနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူများအ နေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်နိုင်ရေး အသိပေးနှိုးဆော်တိုက်တွန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here