ရေဘေးသင့်ပြည်သူများကို ကူညီရန် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ် ကျပ်သိန်း (၄၀၀)အထိ ရရှိနေ

0
115

ရေဘေးသင့်ပြည်သူများကို ကူညီရန်အတွက် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ်မှာ ယနေ့ အချိန်အထိ ကျပ်သိန်း (၄၀၀)အထိ ရရှိနေကြောင်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ပေါ်ပြူလာနယူးစ်ကိုပြောသည်။

“အခုကျပ်သိန်း(၄၀၀)အထိ ရနေပါတယ်။ ကျွန်တော်တစ်ပတ်လောက်အထိ ထားသွားမယ်”ဟု ၎င်းက ပြောသည်။

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင်ရောင်းချ၍ ရရှိလာသည့် ငွေကြေးအား ရေဘေးသင့်ပြည်သူများကို ကူညီမည်သွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် သူ၏ လူမှုကွန်ယက်ဖေ့ဘွစ်စာမျက်နှာမှတဆင့် စတင် အသိပေးထားခြင်းဖြစ်သည်။

လေလံတင်ရောင်းချပွဲမှရရှိလာသည့် ငွေကြေးအား တစ်ပြားတစ်ချပ် မကျန် မီဒီယာမှတစ်ဆင့် အတိလင်း ပေးအပ် လှူဒါန်းသွားမည်ဟု ပရိတ်သတ်အား အသိပေးနှိုးဆော်ထားသည်။

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းအနေဖြင့် ယခုလ စက်တင်ဘာ (၂၂)ရက် မွန်းလွဲပိုင်းတွင် ရိုးရာလက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် မြန်မာပြည်ချန်ပီယံ ခါးပါတ် စိန်ခေါ်ပွဲအတွက် ယှဉ်ပြိုင်ထိုးသ-တ်ရန်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here