တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးသင့်သူ ၂ သိန်းခွဲခန့်ရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
59
Residents are transported on a boat through flood waters in Pyinmana in Myanmar's Naypyidaw region on September 13, 2024, following heavy rains in the aftermath of Typhoon Yagi. - Typhoon Yagi brought a colossal deluge of rain that has inundated a swathe of northern Vietnam, Laos, Thailand and Myanmar, triggering deadly landslides and widespread river flooding. (Photo by Sai Aung MAIN / AFP)

မြန်မာနိုင်ငံတစ်ဝှမ်းတွင် မုန်တိုင်းနှစ်ခုအရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးသင့်သူ ၂ သိန်းခွဲခန့်ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“တောင်တရုတ်ပင်လယ်မှာဖြစ်ပွားခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းယာဂီနဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန် အဲဒီမုန်တိုင်းနှစ်ခုကြားထဲမှာ ကျွန်တော်တို့နိုင်ငံရှိနေတယ်။ ဒါကြောင့် စက်တင်ဘာ ၁၀ ရက်ကစပြီး နိုင်ငံနေရာအနှံ့အပြားမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေဖြစ်တယ်။ ချောင်းရေ၊ မြစ်ရေတွေ မြင့်တက်မှုတွေ၊ လျှပ်တပြက်ရေကြီးမှုတွေဖြစ်ပေါ်နေတာတွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၇ )ခုမှ မြို့နယ်(၃၄)မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းကြောင့် စက်တင်ဘာ ၁၃ ရက်မွန်းတည့် ၁၂ နာရီအထိ ရေဘေးသင့်အိမ်ထောင်စု ၅၉၄၁၃ မှလူဦးရေ ၂၃၆၆၄၉ ဦးအား ရေဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခုတွင် ယာယီနေရာချထားပေးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ‌ေ-သဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရ ၁ ဦးရှိခဲ့ပြီး အချို့နေရာများ၌ မိုးစရွာ၍မိုးကြီးချိန်ကပင် ဆက်သွယ်မှုပြတ်တောက်နေသည့် နေရာများရှိပြီး ရမည်းသင်းမြို့နယ်မှ မိုးထိမိုးမိရွှေတွင်းလုပ်ကွက်များတွင် ပြောင်းရွှေ့နေထိုင်သူများမှာလည်း မြေပြိုကျ၍ ပျောက်ဆုံးမှုများရှိနေသဖြင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

” ဒီနေရာမှာ ကျွန်တော်သတိပေးချင်တာက နေပြည်တော် တပ်ကုန်းတစ်ဝိုက်မှာ ဒီနေ့ ရေအနည်းငယ်ကျဆင်းလာတယ်။ ဒီရေတွေဟာ စစ်တောင်းမြစ်အပေါ်မူတည်ပြီး ကျဆင်းမယ့်သဘောရှိတယ်။ ဒါ့ကြောင့် နောက်နေ့တွေမှာ တောင်ငူ၊ အောက်ဖက်မှာရှိနေတဲ့ မုန်း၊ ရွှေကျင် ဒီတစ်ဝိုက်က အထူးသတိထားရမယ့် အနေအထားဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ အမြဲမပြတ် သတိပေးချက်တွေထုတ်လွှင့်ပေးနေပါတာကြောင့် ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့အတူ နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးတွင် လူမှုအဖွဲ့အစည်းအများအပြားမှလည်း ကူညီကယ်ဆယ်မှုများကို တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု ပြောသည်။

ထို့အတူ ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပျက်စီးသွားသည့် လမ်း၊ တံတားများကို အမြန်ပြုပြင်ရန်၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေအမြန်ကျဆင်းစေရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့များ၊ စက်ယန္တရားများအသုံးပြုဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများကိုတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here