ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများမှ အလှူငွေနှင့် အလှူပစ္စည်းများအား ပါဝင်လှူဒါန်းနိုင်ကြောင်း ကြေညာ

0
191

မြန်မာနိုင်ငံတွင် ယာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေဘေးများဖြစ်ပွားလျက်ရှိရာ ရေဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများအား ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိုင်ငံတော်အစိုးရမှ စက်တင်ဘာ ၁၃ ရက်က ကြေညာထားသည်။

မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် လှူဒါန်းလိုပါက KBZ Pay QR Code နံပါတ် 70157401001 (သို့) QR Code ကို Scan ဖတ်၍လည်းကောင်း၊ Wave Money ဖြင့်လှူလိုပါက QR Code ကို Scan ဖတ်၍ (သို့) ဖုန်းနံပါတ် (၀၉-၂၅၅၀၀၁၅၄၂ နှင့် ၀၉-၂၅၅၀၀၁၅၄၃)တို့သို့ တိုက်ရိုက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဘဏ်များမှလှူဒါန်းလိုပါက မြန်မာကျပ်ငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာရင်းအမှတ် OA-011834 ကို ဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်မည်ဖြစ်သည်-

  • မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှတစ်ဆင့်ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းခြင်း။
    -ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများမှ စာရင်းပြောင်း(Account Transfer)နည်းလမ်းဖြင့် လှူဒါန်းခြင်း။
    နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုပါက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ငွေစာရင်းအမှတ် (0111284000000063)ကို ဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်မည်ဖြစ်သည်-

-မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းခြင်း
-ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-

  • SWIFT CODE/BIC -MFTBMMMY
  • Beneficiary Name- Natural Disaster Management Fund
    -Beneficiary A/C No- 0111284000000063 သို့ လှူဒါန်းနိုင်မည်ဖြစ်သည်။

၎င်းအပြင် နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့လည်း အောက်ပါ နည်းလမ်းများဖြင့် လှူဒါန်းနိုင်မည် ဖြစ်သည်-

  • မြန်မာ့စီးပွားရေးဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းခြင်း
  • မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း(Account Transfer) နည်းလမ်းဖြင့် လှူဒါန်းခြင်း
  • ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-
    -SWIFT CODE- MYEBMMMY
  • Beneficiary Name- Natural Disaster Management Fund
  • Beneficiary A/C No- EDN-600018 သို့ လှူဒါန်းနိုင်မည် ဖြစ်သည်။

အလှူပစ္စည်းများကို အောက်ပါနေရာများတွင် ဆက်သွယ်ပေးပို့လှူဒါန်းနိုင်မည်ဖြစ်သည်-

  • သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
  • ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်။
  • ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့။
  • ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅)လမ်း၊ ၃၄x၃၅ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းလိုသူများအနေဖြင့်လည်း ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်မည့် ပုဂ္ဂိုလ်များကို ဖော်ပြထားသည်။

ထို့အပြင်အခြားသော အီလက်ထရောနစ်ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်လည်း လှူဒါန်းနိုင်ရန်လည်း ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here