ဆိုရှယ်မီဒီယာအားလုံး၌ ဒိုလေးတွင် ဖော်လိုဝါ တစ်ဘီလျံကျော်ရှိ

0
146

ခရစ်စတီယာနို ရော်နယ်ဒိုသည် အဓိကကျသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းအားလုံးတွင် ဖော်လိုဝါတစ်ဘီလျံကျော်အထိရရှိခဲ့သည့် ကမ္ဘာ့ပထမဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာကာ နောက်ထပ်ထူးခြားသော မှတ်တိုင်တစ်ခုကိုထပ်မံစိုက်ထူနိုင်ခဲ့ကြောင်းသိရသည်။

အသက် ၃၉ နှစ်အရွယ်ရှိ ပေါ်တူဂီဘောလုံးအကျော်အမော်သည် အားကစားနှင့် ဒစ်ဂျစ်တယ်လွှမ်းမိုးမှု၏လမ်းဆုံကို ပြန်လည်သတ်မှတ်ခဲ့ပြီး စံသတ်မှတ်ချက်အသစ်တစ်ခုကိုလည်းသတ်မှတ်နိုင်ခဲ့သည်။

ဆိုရှယ်မီဒီယာပလပ်ဖောင်းအားလုံးရှိ ရော်နယ်ဒို၏အောင်မြင်မှုသည် ယှဉ်ပြိုင်၍မရနိုင်ဟူ၍လည်း မီဒီယာများ၌ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ ၎င်း၏ အင်စတာဂရမ်အကောင့်သည် ဖော်လိုဝါ ၆၃၉ သန်းဖြင့် ဦးဆောင်နေပြီး အင်စတာဂရမ်၌ ၎င်း၏သြဇာလွှမ်းမိုးနိုင်မှုအားပြသခဲ့သည်။

ထို့အပြင် ၎င်း၏ဖေ့စ်ဘွတ်ခ်တွင်လည်း ဖော်လိုဝါ ၁၇၀ ဒသမ ၅ သန်းရှိပြီး ယခင်ကတွစ်တာဟုခေါ်သည့် X လူမှုကွန်ရက်တွင်မူ ဖော်လိုဝါ ၁၁၃ သန်းအထိရရှိထားသည်။

၎င်း၏ ယူကျုချန်နယ်သည်လည်း ချန်နယ်ဖွင့်ပြီးနာရီပိုင်းအတွင်းမှာပင် ဖော်လိုဝါ ၆၀ ဒသမ ၅ သန်းအထိရရှိခဲ့ပြီး Kuaishou တွင် ဖော်လိုဝါ ၉ ဒသမ ၃ သန်းနှင့် Weibo တွင် ၇ ဒသမ ၅ သန်းအထိလည်းတိုးလာခဲ့သည်ဟုဖော်ပြထားသည်။

Source : Pulse Sports Nigeria


LEAVE A REPLY

Please enter your comment!
Please enter your name here