ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် တမံများတွင် အစိမ်းရောင်အလံများ လွှင့်ထူထားသည့် အရေးပေါ်အခြေအနေ အဆင့်(၁)သာ ရှိနေ

0
113

လက်ရှိတွင် ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ (၆၃)ခု၌ အရေးပေါ်အခြေအနေ အဆင့်(၁) အနေဖြင့် အစိမ်းရောင်အလံများ လွှင့်ထူထားပြီး ရေလှောင်တမံများ၏ ရေကြီးမှတ်ဖြစ်သည့် အဆင့်(၂)အဝါရောင်အလံကို စိုက်ထူထားသည့် တမံမရှိသေးကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယာဂီမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာသည့် လေပွေလှိုင်း၏ အကျိုးသက်ရောက်မှုနှင့် မိုးရေချိန်လက်မများစွာ ရွာသွန်းခဲ့သည့်အတွက် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည့် အခြေအနေ ဖြစ်သည်။

ယင်းတွင် နေပြည်တော်နယ်မြေတွင်ရှိသည့် အဓိကရေလှောင် တမံအကြီးများထဲမှ ပေါင်းလောင်း၊ ငလိုက်စသည့် တမံနှစ်ခုသာရေကျော်ကြောင်း၊ ကျန်တမံများအနေဖြင့် ကန်ရေပြည့်အမှတ်ကိုပင် မရောက်သေးကြောင်း သိရသည်။

ယခုလက်ရှိ မိုးရွာသွန်းခြင်းသည် ရှမ်းကုန်းပြင်မြင့်တွင် စံချိန်တင်မိုးရေချိန်များ ရွာသွန်းခဲ့ခြင်းကြောင့် ယင်းမှ စီးဆင်းလာသည့်ရေများသည် နဝင်းချောင်း၊ မုန်ချောင်း၊ ကင်းသာချောင်းကစုစည်းပြီး ဆင်‌ေ-သချောင်းမှတစ်ဆင့် နောက်ဆုံးပေါင်းလောင်းချောင်းထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာခဲ့ခြင်းကြောင့် ချောင်းရေများရုတ်တရက်မြင့်တက်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် နဝင်းချောင်းနှင့် ဆင်‌ေ-သချောင်းမှ စီးလာသည့်ရေများကြောင့် တပ်ကုန်းနှင့် နေပြည်တော်ရှိအချို့ရပ်ကွက်များထဲသို့ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွှဲမှ ၁၁ ဒသမ ၅ ပေ ရေကျော်စီးဆင်းနေပြီး ပေါင်းလောင်းချောင်းထဲသို့ ဝင်ရောက်နေကြောင်း၊ အလားတူ ဆ င်သေချောင်းရေသည်လည်း ပေါင်းလောင်းချောင်းထဲသို့ စီးဝင်နေခြင်းဖြစ်ပြီး အဆိုပါရေများပေါင်းပြီး ပေါင်းလောင်းချောင်းရေမြင့်လာကာ ပေါင်းလောင်းရေလွှဲဆည်တွင် (၁၁) ပေ ဝန်းကျင်ရေကျော်စီးဆင်းနေကြောင်း သိရသည်။

အဆိုပါ ရေများသည် တောင်ငူမြို့သို့ မကြာခင်စီးဆင်းရောက်ရှိသွားမည်ဖြစ်ပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာနိုင်သည့်အတွက် ဒေသခံပြည်သူများကို ကြိုတင်အသိပေးကြေညာထားပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here