ရေဘေးရှောင်များနေထိုင်သည့်ဓမ္မာရုံပေါ်သို့ အင်ပင်လဲကျ၍ အမျိုးသမီးတစ်ဦး‌ေ-သဆုံး ၃ ဦးပြင်းထန်ဒဏ်ရာရ

0
95

ပဲခူးတိုင်း၊ ရေတာရှည်မြို့တွင် ရေဘေးရှောင်များနေထိုင်သည့်ဓမ္မာရုံပေါ်သို့ အပင်လဲကျခဲ့မှု ယမန်နေ့ စက်တင်ဘာ ၁၄ ရက်ညနေ ၄ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအ သင်းဝင်များထံမှ သိရသည်။

ရေတာရှည်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသည့်ဓမ္မာရုံပေါ်သို့ အင်ပင်လဲကျခဲ့ရာ ရေဘေးရှောင်များအဖြစ်ရောက်ရှိနေသော အမျိုးသမီးတစ်ဦးမှာ သစ်ပင်ပိမိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

” ရေတက်တော့မြေကြီးတွေကနူးပြီး အင်ပင်ကလဲကျသွားတာ။ ဓမ္မာရုံပေါ်တိုက်ရိုက်လဲကျသွားတဲ့အတွက် အဆောက်အဦးလည်းပျက်စီးသွားတယ်။ ‌ေ-သဆုံး/ဒဏ်ရာရတာတွေလည်းရှိသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် လူမှုကူညီရေးအသင်းဝင်များက ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းနှင့်ထိခိုက်ဒဏ်ရာရသူ များအား ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများမှာ အရေးပေါ်ဆေးကုသမှုခံယူမည်ဖြစ်၍ နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here