ရှမ်းယူနိုက်တက်အသင်းမှ ရေဘေးသင့်ပြည်သူများထံ အကူအညီများပေးရန် စီစဉ်နေ

0
87

ရေဘေးသင့် ပြည်သူများထံသို့ အကူအညီများပေးရန် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အမြန်ဆုံးစီစဉ်ဆောင်ရွက်လျှက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း အကူအညီများပေးရန် လုပ်ဆောင်နေကြောင်း ယမန်နေ့တွင် အသင်းက တရားဝင်အသိပေးထားသည်။

အသင်း၏ အသိပေးချက်အရ ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်နှင့် နေပြည်တော်ရှိ ရေဘေးကြောင့် အသက်ဆုံးရှုံးရသူ၊ ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် များစွာဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြထားသည်။

ပေါ်ပြူလာနယူးစ်က ရရှိထားသော အသင်းဖုန်းနံပါတ်အား ဆက်သွယ်မေးမြန်းရာတွင် “ကျွန်‌တော်တို့ မိန်းကလေးအသင်းဘက်ကိုတော့ အဲဒီအစီအစဉ် ဘာမှမသိရသေးဘူး။ အကြီးအသင်းမှာတော့ ဘာအစီအစဉ်လေးတွေရှိတယ်ဆိုတာတော့ ဟိုဘက်ကနေ အကြောင်းကြားမှု ဘာမှမလာသေးပါဘူး”ဟု ဆိုသည်။

“တစ်မြေတည်းနေ တစ်ရေတည်းသောက်သည့် ညီအစ်ကို မောင်နှမများ၏ ဘေးဒုက္ခများအတွက် ရှမ်းယူနိုက်တက်အသင်းက များစွာဝမ်းနည်းကြေကွဲရသည်”ဟု ရေးသားမျှဝေထားသည်။

ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းလိဂ် အသင်းများအနက် အင်အားအတောင့်တင်းဆုံးနှင့် စုဖွဲ့အားကောင်းမွန်သည့်အသင်း တစ်သင်းဖြစ်ပြီး လေးနှစ်ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးထားသည့် အသင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here