YUFC အသင်းအင်္ကျီ ရောင်းချရငွေများအားလုံးကို ရေဘေးသင့် ပြည်သူများထံ လှူဒါန်းမည်

0
44

ရန်ကုန်ယူနိုက်တက် အက်ဖ်စီ(YUFC) အမှတ်တံဆိပ်ပါ အသင်းအင်္ကျီ ရောင်းချရငွေများအားလုံးကို ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း အသင်း၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ စက်တင်ဘာ(၁၄)ရက် ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုန်စတားယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မတိုင်မီ ရန်ကုန်ယူနိုက်တက်တံဆိပ်ပါ အင်္ကျီများနှင့် အသုံးအဆောင် ပစ္စည်းအချို့ကို (၅၀)ရာခိုင်နှုန်းဖြင့်ရောင်းချပေးခဲ့ခြင်းလည်းဖြစ်သည်။

“ရောင်းချရတဲ့ ငွေတွေအားလုံးကိုလည်း ရေဘေးကယ်ဆယ်ရေး ပြုလုပ်နေတဲ့ ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု အသင်းက အသိပေးထားသည်။

ထိုသို့ ရောင်းချရာတွင် YUFC အမှတ်တံဆိပ်ပါ ဂျာစီ ၊ ပိုလိုရှပ်၊ ခရီးဆောင်အိတ်၊ လေ့ကျင့်ရေးဂျာစီ၊ လေကာ အင်္ကျီ စသည့် ပစ္စည်းအမယ်(၆)မျိုးတို့ကို ရောင်းချပေးခဲ့ခြင်းလည်းဖြစ်သည်။

အလားတူ ယမန်နေ့က ကျင်းပခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုန်စတား ယူနိုက်တက်အသင်း ပွဲစဉ်အတွင်း ပွဲလက်မှတ်ဝင်ငွေ (၅၀ )ရာခိုင်နှုန်းကိုလည်း ရေဘေးသင့်ပြည်သူများအား ရန်ကုန် ယူနိုက်တက်အသင်းမှ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here