ဗီယက်နမ်ယောဂီများ၏ ဆီမီး ၅၅၅၅ ပွင့်လှူဒါန်းပူဇော်ပွဲအား ရွှေတိဂုံရင်ပြင်တော်တွင်ကျင်းပ

0
55

ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်ညနေပိုင်းတွင် ရွှေဉမင်ဆရာတော်ကြီးမှ ကမကထပြုလုပ်ကာ ဗီယက်နမ်နိုင်ငံရှိ ရဟန်းသံဃာ‌၊ ယောဂီများ ဦးစီးပြီး ရွှေတိဂုံရင်ပြင်တော်တွင် ဆီမီး ၅၅၅၅ ပွင့်လှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဗီယက်နမ် ထေရဝါဒဗုဒ္ဓဘာသာအသင်းမှ ရွှေဉမင်တောရတွင် စက်တင်ဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့ထိ တရားစခန်းဖွင့်လှစ်ခဲ့ပြီး ‌အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည့်အပြင် နိုင်ငံ‌တော်အေးချမ်းသာယာပြီး ကပ်ဘေးမှ ကင်းဝေးစေရန်ရည်ရွယ်ချက်ဖြင့် ဆီမီး ၅၅၅၅ ခွက် ပူဇော်ကာ ဆုတောင်းမေတ္တာပို့သခြင်းဖြစ်သည်။

ထို့အပြင် မနက်ပိုင်းတွင် ရေဘေးကယ်ဆယ်ရေးအလှူအတန်းများပြုလုပ်ကာ ရေသန့်စက်များလှူဒါန်းခဲ့သည်။

အခမ်းအနားတွင် ရွှေဉမင်ဆရာ‌တော်ကြီး‌အားအမှူးထား၍ တိပိဋကဆရာတော်ကြီးများ၊ ကမဌာနနည်းပြဆရာတော်ကြီးများအပါအဝင် သံဃာတော် (၁၀) ပါး ၊ ယောဂီ အပါး (၄၀) ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲများမှ တစ်ဆင့် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးကို များစွာ အထောက်အကူပြုကြောင်း ရက္ခိတစွမ်းအား ပရဟိတအသင်းမှ ဦးဝင်းမောင်မောင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင်လည်း ဗီယက်နမ်နိုင်ငံသားအလှူရှင်များမှ သံ‌ဃာတော် ၅၅၅၅ ပါး အတွက် ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့‌သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here