ဒုတိယအကြိမ်လုပ်ကြံခံရသော်လည်း ထရမ့်ဘေးကင်း

0
61
WEST PALM BEACH, FLORIDA - SEPTEMBER 15: Law enforcement personnel investigate the area around Trump International Golf Club after an apparent assassination attempt of former President Donald Trump on September 15, 2024 in West Palm Beach, Florida. The FBI and U.S. Secret Service, along with the Palm Beach County Sheriff's office, are investigating the incident, which the FBI said "appears to be an attempted assassination of former President Trump" while he was golfing at the course. Joe Raedle/Getty Images/AFP (Photo by JOE RAEDLE / GETTY IMAGES NORTH AMERICA / Getty Images via AFP)

ဝါရှင်တန်၊စက်တင်ဘာ ၁၆

ရီပက်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဖလော်ရီဒါပြည်နယ် West Palm Beach ၌ ဂေါ့ဖ်ရိုက်နေစဉ် လုပ်ကြံခံခဲ့ရသော်လည်း ဘေးကင်းခဲ့ကြောင်း ထောက်လှမ်းရေးအေဂျင်စီကပြောကြားခဲ့သည်။

ထရမ့်ဂေါက်ကစားနေသည့်နေရာနှင့် ကိုက်အနည်းငယ်အကွာရှိ ချုံပုတ်ထဲတွင် ပုန်းအောင်းကာပစ်ခတ်ရန်ကြံနေသည့်‌ေ-သနတ်သမားကို လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များကတွေ့ရှိခဲ့ပြီး လက်ဦးမှုရယူ ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါသံသယရှိသူသည် AK – 47 အမျိုးအစားရိုင်ဖယ်သေနတ်တစ်လက်နှင့် အခြားပစ္စည်းများကို အခင်းဖြစ်နေရာ၌ထားခဲ့ပြီး ထွက်ပြေးသွားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

ထရမ့်သည် ဒုတိယအကြိမ်မြောက် လုပ်ကြံခံရခြင်းဖြစ်ပြီး ပထမတစ်ကြိမ်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်၌ မဲဆွယ်ပွဲလုပ်နေစဉ် လုပ်ကြံပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး နားရွက်ကိုသာ ရှပ်ထိကာ အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူအရာရှိတစ်ဦး၏ပြောကြားချက်အရ လုပ်ကြံမှုကျူးလွန်သူသည် အသက် ၅၈ နှစ်အရွယ်ရှိ မစ္စတာရိုင်ရမ်ဝီစလေရုတ်သ်ဖြစ်ကြောင်းသိရသော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်ဟုသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here