ဘားအံမြို့ ရေကြီးမှုဖြစ်စဉ်အတွင်း ကလေ-းငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

0
31

ဘားအံမြို့ရေကြီးမှုဖြစ်စဉ်အတွင်း အသက် (၁၄)နှစ်အရွယ် ကလေ-းငယ်တစ်ဦးအပါအဝင် အမျိုးသားတစ်ဦး ရေန-စ်၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြော သည်။

အသက်ဆုံးရှူံးသူနှစ်ဦးမှာ လက်ရှိအချိန်အထိ ပိုင်ရှင်မဲ့အဖြစ် ဘားအံပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး မိသားစုဝင်များ သိရှိနိုင်ရေးအတွက်လည်း အသိပေးထားကြောင်း ၎င်းက ဆိုသည်။

“မနေ့ စက်တင်ဘာ(၁၅) ရက်ကမှ အလေ-ာင်းပြန်တွေ့တာ။ အခုတော့ပိုင်ရှင်မဲ့အနေနဲ့ ဘားအံဆေးရုံကြီးကို ပို့ထားပါတယ်။ လက်ရှိတော့ရေကကျသွားတယ်ဆိုပေမယ့် စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

ဒေသတွင်းကယ်ဆယ်ရေးသမားများအနေဖြင့် ယခုလ စက်တင်ဘာ (၂၂)ရက်နှင့် (၂၃)ရက်အတွင်း မုန်တိုင်းငယ်တစ်ခု ထပ်မံ ရှိနေသည်ဆိုသည့် သတင်းအတွက် မြစ်ရေအခြေအနေအား စောင့်ကြည့်နေကြပြီး လက်ရှိသံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၁၆၈)စင်တီမီတာတွင်ရှိနေသည်ဟု ဆိုသည်။

ရေအနည်းငယ်ပြန်ကျသွားသည့် ဘားအံမြို့အတွင်း အချို့ရပ်ကွက်များရှိနေအိမ်နှင့် လမ်းများ ပြန်ပေါ်နေပြီဖြစ်သော်လည်း မြစ်ကမ်းအနီးနှင့်အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်နှင့်လမ်းများ ရေနစ်မြှပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ – ယ‌နေ့ ဘားအံမြို့ရှောင်လမ်း မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here