ဂါဇာ၌ပိုလီယိုကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းအထိထိုးနှံထားပြီးဖြစ်ဟုဆို

0
67

ဒူဘိုင်း၊စက်တင်ဘာ ၁၆

ဂါဇာကမ်းမြောင်ဒေသ၌ ပိုလီယိုကာကွယ်ဆေးကို ၉၀ % အထိ ထိုးနှံထားနိုင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ အေဂျင်စီအကြီးအကဲကပြောကြားခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် လကုန်ချိန်၌ အဆိုပါကလေ-းငယ်အားလုံးကို ဒုတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးပေးနိုင်ရန် ဂရုစိုက်လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အစ္စရေးနှင့်ဟားမတ်စ်အကြားဆက်လက်ဖြစ်ပွားနေဆဲပြဿနာများကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစတင်ခဲ့သည့် ပိုလီယိုကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုသည် အခက်အခဲများစွာရင်ဆိုင်ခဲ့ရသော်လည်း ဂါဇာရှိ အသက် ၁၀ နှစ်အောက်ကလေ-းငယ်ပေါင်း ၆၄၀,၀၀၀ ကို ပထမအကြိမ်အောင်မြင်စွာထိုးပေးနိုင်ခဲ့ပြီဖြစ်သည်။

နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာရှိကလေ-းငယ်တစ်ဦးသည် အမျိုးအစား ၂ ပိုလီယိုရောဂါကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအတည်ပြုပြောကြားခဲ့သည်။

သို့သော် ယခုအခါ ဂါဇာ၌ ကာကွယ်ဆေးထိုးနှံမှု ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးအောင်မြင်ထားပြီးဖြစ်ကာ ဂါဇာတောင်ပိုင်းနှင့်အလယ်ပိုင်းရှိ ကလေ-းငယ် ၄၄၆,၀၀၀ ကိုကာကွယ်ဆေးထိုးနှံထားနိုင်ပြီး စက်တင်ဘာ ၁၀ ရက်ကစကာ လက်ရှိပဋိပက္ခများဖြစ်ပေါ်နေသည့် မြောက်ပိုင်းမှ ကလေ-းငယ် ၂၀၀,၀၀၀ ကို ကာကွယ်ဆေးစတင်ထိုးပေးနေပြီဖြစ်ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here