မုန်တိုင်းဒဏ်သင့် ထိုင်းနှင့်မြန်မာအစိုးရများထံ ဟွန်မာနက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

0
88
Flood-affected residents are transported on a rescue boat in Taungoo, Myanmar's Bago region on September 14, 2024, following heavy rains in the aftermath of Typhoon Yagi. - Typhoon Yagi brought a colossal deluge of rain that has inundated a swathe of northern Vietnam, Laos, Thailand and Myanmar, triggering deadly landslides and widespread river flooding. (Photo by Sai Aung MAIN / AFP)

ဖနွမ်းပင်၊စက်တင်ဘာ ၁၇

တိုက်ဖွန်းမုန်တိုင်းယာဂီကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုများပြားခဲ့သည့် ထိုင်းနှင့်မြန်မာအစိုးရများထံ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်မာနက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။

နိုင်ငံေတာ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံပေးပို့ခဲ့သည့် မစ္စတာဟွန်မာနက်၏ သဝဏ်လွှာ၌ ၎င်းအနေဖြင့် မြန်မာနိုင်ငံ၌ ကြုံတွေ့ခဲ့ရသည့် ရေဘေးကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရသူများအတွက် ထပ်တူဝမ်းနည်းမိပါကြောင်းနှင့် ကမ္ဘောဒီးယားအစိုးရနှင့်ပြည်သူတစ်ရပ်လုံးကိုယ်စား ယခုစာကိုပေးပို့ခြင်းဖြစ်ကြောင်းပြောကြားထားသည်။

ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာထံပေးပို့သည့်သဝဏ်လွှာ၌မူ ၎င်းအနေဖြင့် ထိုင်းပြည်သူများ၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းအားကိုယုံကြည်သကဲ့သို့ မစ္စပေတုံတန်၏ဦးဆောင်မှုအောက်၌ ထိုင်းနိုင်ငံသားများအနေဖြင့် ယခုအခြေအနေဆိုးကြီးကို မြန်မြန်ဆန်ဆန်ကျော်လွှားနိုင်မည်ဟုယုံကြည်ကြောင်းလည်းပြောကြားခဲ့သည်။

တိုက်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့်ရေကြီးရေလျှံမှုအတွင်း ‌ေ-သဆုံးထိခိုက်ဒဏ်ရာရခဲ့သူများအနေဖြင့်လည်း လျင်မြန်စွာပျောက်ကင်းကျန်းမာစေကြောင်း မစ္စတာဟွန်မာနက်ကဆုတောင်းစကားလည်းပြောကြားခဲ့သည်။

ယာဂီသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း လှုပ်ခတ်သွားစေခဲ့ပြီး မြန်မာနှင့်ထိုင်းတို့သည် မုန်တိုင်း၏သက်ရောက်မှုကို ပြင်းထန်စွာခံခဲ့ရကာ ရေကြီးမှုကြောင့် မြို့ကြီးအချိုု့လည်းရေနစ်မြုပ်ခဲ့သဖြင့် ထောင်နှင့်ချီသောလူများအား အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here