RCSS မှ “ရေဘေးသင့်ပြည်သူများ ကူညီရေးကော်မတီ(RCSS)”ဖွဲ့စည်း

0
75

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်မတီ (RCSS)မှ “ရေဘေးသင့်ပြည်သူများ ကူညီရေးကော်မတီ(RCSS)”ကိုဖွဲ့စည်းခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ ယနေ့ စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်းက မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်များ၊ ကျေးရွာများနှင့်လယ်ကွင်းများအတွင်း ရေများဝင်ရောက်ခဲ့၍ အခက်အခဲများကြုံတွေ့နေရသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အ တွက် RCSS ၏ စီးပွားရေးဌာနမှူး ဗိုလ်မှူးစိုင်းရွေး ဦးဆောင်ကာ“ရေဘေးသင့်ပြည်သူများကူ ညီရေးကော်မတီ(RCSS)”ကိုဖွဲ့စည်းပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကော်မတီမှ ကူညီရေးရန်ပုံငွေမတည်ပေးခြင်း၊ ပြည်တွင်း/ပြည်ပမှအလှူရှင်များ၊ အ လှူရှင်အဖွဲ့များ(NGO-INGO)များအားဆက်သွယ် ၍ ရန်ပုံငွေများ၊ ဆန်နှင့်စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ရေဘေးသင့်သူများကူညီထောက်ပံ့ခြင်းကိုလည်း တာဝန်ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here