တရုတ်ပြီးလျှင် ဒုတိယမြောက်အင်အားကြီးတပ် ဖြစ်လာရန် စစ်တပ်ကို ပူတင် အမိန့်ပေး

0
59

ရုရှားသမ္မတ ဗလာဒီမာပူတင်က တပ်ဖွဲ့ဝင် ၁၈၀,၀၀၀ ထပ်မံတိုးမြှင့်ခြင်းဖြင့် ရုရှားစစ်တပ်၏ ပုံမှန်အရွယ်အစားကို စစ်သည် ၁ ဒသမ ၅ သန်းရှိ စစ်တပ်ကြီးဖြစ်လာအောင်လုပ်ဆောင်ရန် တနင်္လာနေ့တွင် အမိန့်ပေးခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံပြီးလျှင် ဒုတိယမြောက် စစ်သည်အင်အားအကြီးဆုံးနိုင်ငံဖြစ်လာစေမည့် အစီအစဉ်တစ်ခုဖြစ်သည်။

ခရမ်မလင်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ဒီကရီတစ်ရပ်၌ ပူတင်က လက်နက်ကိုင်တပ်ဖွဲ့များ၏ စုစုပေါင်းအင်အားကို လူဦးရေ ၂ ဒသမ ၃၈ သန်းအထိ တိုးမြှင့်ရန် အမိန့်ပေးခဲ့ကာ ၎င်းတို့ထဲမှ ၁.၅ သန်းသည် တိုက်ခိုက်ရေးစစ်သည်များဖြစ်သင့်သည်ဟု ဆိုခဲ့သည်။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျူ့(IISS) ၏ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့၏ ကိန်းဂဏန်းအချက်အလက်များအရ ယင်းကဲ့သို့ စစ်အင်အားကို တိုးမြှင့်ခြင်းဖြင့် ရုရှားသည် တိုက်ခိုက်ရေးစစ်သည်အရေအတွက်တွင် အမေရိကနှင့် အိန္ဒိယတို့ ကို များစွာ ကျော်တက်သွားစေမည်ဖြစ်ကာ တရုတ်၏ စစ်သည်အင်အားပြီးလျှင် ဒုတိယနေရာရောက်လာစေမည်ဟု ဆိုသည်။ ပေကျင်းတွင် တိုက်ခိုက်ရေး စစ်သည်အင်အား ၂ သန်းကျော်ရှိသည်ဟု IISS က ဆိုခဲ့သည်။

ပူတင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် သူ၏ တပ်များကို ယူကရိန်းနိုင်ငံအတွင်း စေလွှတ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်၏ အဆင့်အတန်းကို တိုးချဲ့ရန် တတိယအကြိမ်မြောက် အားထုတ်လာမှုဖြစ်သည်။ ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်း ကီလိုမီတာ ၁,၀၀၀ ကျယ်ဝန်းသော ရှေ့တန်းနယ်မြေတွင် ရှေ့တိုးချီတက်နေသကဲ့သို့ ရုရှား၏ ကာ့စ်ဒေသအတွင်းရောက် ယူကရိန်းတပ်များကို မောင်းထုတ်ရန် ကြိုးစားနေခဲ့သည်။

ရုရှား လူဦးရေသည် ယူကရိန်းထက် သုံးဆကျော် များပြားသော်လည်း ယူကရိန်း စစ်ပွဲတွင် တိုက်ပွဲဝင်ရန်အတွက် လစာ၊ဝင်ငွေ၊ အကျိုးခံစားခွင့်များသော စာချုပ်များဖြင့်သာ စေတနာ့ဝန်ထမ်းစစ်သည်များ ခေါ်ယူစုဆောင်းနိုင်ခဲ့သည်။ မော်စကိုသည်လည်း ကိဗ်တပ်များကဲ့သို့ပင် စစ်မြေပြင်တွင် အကျအဆုံးများစွာ ရှိနေဆဲဖြစ်ကာ မကြာမီကာလများအတွင်း စစ်ပွဲပြီးဆုံးသွားနိုင်သည့် လက္ခဏာမျိုး မတွေ့ရသေးပေ။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here