ဂါဇာ၌ရေရှည်စစ်ပွဲဆင်နွှဲရန် အသင့်ဖြစ်နေ–ဟားမတ်စ်အကြီးအကဲ

0
90
A vehicle moves past the rubble of collapsed buildings in Khan Yunis in the southern Gaza Strip on September 16, 2024, amid the ongoing war in the Palestinian territory between Israel and Hamas. (Photo by Bashar TALEB / AFP)

ဂါဇာကမ်းမြောင်၊စက်တင်ဘာ ၁၇

ဟားမတ်စ်အကြီးအကဲ ရာဟာဆင်ဝှာက ပါလက်စတိုင်းတို့အနေဖြင့် အီရန်ကျောထောက်နောက်ခံပြု ဒေသတွင်းမဟာမိတ်များ၏ ကျောထောက်နောက်ခံပြု ထောက်ပံ့ပေးမှုဖြင့် ဂါဇာစစ်ပွဲကို နောက်ထပ်တစ်နှစ်နီးပါးအထိ တောင့်ခံနိုင်ရန် အရင်းအမြစ်များရှိနေသည်ဟုပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက လုပ်ကြံခံခဲ့ရသည့် ဟားမတ်စ်ခေါင်းဆောင်နေရာ၌ အစားထိုးခဲ့သည့် ဆင်ဝှာကမူ ယီမင်ရှိမဟာမိတ်များထံပေးပို့သည့်စာထဲ၌ ရှည်လျားသည့်ချေမှုန်းရေးစစ်ပွဲက်ု ဆင်နွှဲရန် ပြင်ဆင်ထားပြီးပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

ဝိုင်းပတ်ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် အ‌ေ-သအပျောက်များသောတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားများအပါအဝင် လူနှစ်ဒါဇင်ထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။

ယမန်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တိုက စတင်တိုက်ခိုက်မှုကြောင့်ဖြစ်ပွားခဲ့သည့် အစ္စရေး – ဟားမတ်စ်စစ်ပွဲအတွင်း အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ဂါဇာရှိဟားမတ်စ်အဖွဲ့အစည်းသည် ဖွဲ့စည်းပုံပျက်နေပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here