အစ္စရေးမြောက်ပိုင်းဒေသခံများ နေရပ်ပြန်နိုင်ရေးစစ်ပွဲရည်မှန်းချက်ဖြစ်

0
48

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တိုင်းပြည်၏ စစ်ပွဲရည်မှန်းချက်များဆိုင်ရာ ထပ်တိုးအစီအစဉ်တစ်ရပ်ကို အင်္ဂါနေ့(စက်တင်ဘာ ၁၇) တွင် ကြေညာခဲ့ပြီး ဟားမတ်အဖွဲ့၏ မဟာမိတ် ဟစ်ဇ်ဘိုလာတို့နှင့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများကြောင့် ထွက်ပြေးခဲ့ကြရသည့် မြောက်ပိုင်းဒေသခံများ နေရပ်ပြန်နိုင်ရေးအချက်ကို ထည့်သွင်းခဲ့သည်ဟု ဆိုသည်။

ယနေ့ညနေပိုင်းတွင် နိုင်ငံရေး-လုံခြုံရေး ဆိုင်ရာ ဝန်ကြီးအဖွဲ့က စစ်ပွဲဆိုင်ရာ ရည်မှန်းချက်များကို ပြင်ဆင်ခဲ့ပြီး မြောက်ပိုင်းဒေသခံများသည် လုံခြုံဘေးကင်းစွာဖြင့် ၎င်းတို့နေအိမ်များသို့ ပြန်နိုင်ရေးအချက်ကို ထည့်သွင်းခဲ့သည်ဟု နေတန်ယာဟု၏ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောသည်။

ဟားမတ်စ်အဖွဲ့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှ အစပြုခဲ့သော ဂါဇာစစ်ပွဲနောက်ပိုင်း အစ္စရေးတပ်များနှင့် အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာလက်နက်ကိုင်အုပ်စုတို့အကြား နေ့စဉ်ရက်ဆက်နီးပါးဆိုသလို အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

၎င်းတို့၏ စစ်ဆင်ရေးသည် ပါလက်စတိုင်း မဟာမိတ်များကို ထောက်ခံခြင်းဖြစ်သည်ဟု ဟစ်ဇ်ဘိုလာက ပြောသည်။

ဂါဇာအပစ်အခတ်ရပ်စဲရေး ကို သဘောတူညီချက်ရ ခဲ့ပါက ၎င်းတို့၏ တိုက်ခိုက်မှုကို ရပ်တန့်မည်ဟု ဟစ်ဇ်ဘိုလာအရာရှိများက ပြောဆိုသော်လည်း အစ္စရေးကမူ လက်ဘနွန်တောင်ပိုင်းရှိ နယ်စပ်ဧရိယာတွင် စစ်သွေးကြွများ ဆက်လက်တည်ရှိနေမှုကို ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။

အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် တိုက်ခိုက်ရေးသမား အများစုပါဝင်သော လူများ ရာနှင့်ချီ ၍ ‌ေ-သဆုံးခဲ့သကဲ့သို့ အစ္စရေးဘက်တွင်လည်း အရပ်သားနှင့် စစ်သားများ ဒါဇင် နှင့် ချီ ကာ ‌ေ-သဆုံးခဲ့သည်။

ထို့အပြင် ထိုတိုက်ပွဲများကြောင့် နှစ်ဖက်စလုံးရှိ ပြည်သူ ထောင်ပေါင်းများစွာသည် နေရပ် ကို စွန့်ခွာကာ ထွက်ပြေးခဲ့ကြရသည်။

အစ္စရေးမြောက်ပိုင်းဒေသမှ လူ့အသိုက်အဝန်းများ အနေဖြင့် သူတို့၏ နေအိမ်များသို့ ပြန်နိုင်စေဖို့ရာ စစ်ရေးသည် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု အစ္စရေးသို့ ရောက်ရှိနေသည့် အမေရိကန်သံတမန်ကို ကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောဆိုခဲ့သည်။

Ref: Barron’s


LEAVE A REPLY

Please enter your comment!
Please enter your name here