ရေဘေးရှောင်စုရပ်များရှိ ပြည်သူများ နေရပ်ဒေသအသီးသီး၌ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် နစက ဥက္ကဋ္ဌ ဆွေးနွေး

0
90

အကြောင်းအမျိုးမျိုးကြောင့် ရေဘေးရှောင်စုရပ်များသို့ ယာယီခေါ်ဆောင်ထားသည့် ပြည်သူများကို ၎င်းတို့၏ နေရပ်သို့အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် စက်တင်ဘာ(၁၇)ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

၎င်းက နေပြည်တော်အပါအဝင် ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် (၉)ခုတွင် ၂၂၆ ဦး‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့်မျောပါသူ ၁၂ ဦး၊ ဒဏ်ရာ ရရှိသူ ၄၇ ဦးရှိကြောင်း၊ လူနေအိမ်များပျက်စီးမှုအနေဖြင့် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း၊ ရေဝင်နစ်မြုပ်မှုမှာ ၁၅၈၃၄၃ လုံး ဖြစ်ကြောင်း၊ ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃၅၇၃ ဦးရောက်ရှိလျက်ရှိပြီး ဆွေမျိုးများအိမ်တွင်သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦးရှိသည်ဟု ပြောသည်။

” ဒါ့ကြောင့် သက်ဆိုင်ရာ ကျေးရွာတွေအလိုက် ပြန်လည်နေထိုင်နိုင်ရေး ရေဘေးသင့်ပြည်သူတွေအတွက် မိမိတို့အနေနဲ့ထိုက်သင့်တဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားရပါမယ်။ “ဟု ၎င်းကဆိုသည်။

‌ေ-သဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများဆောင်ရွက်ပေးခြင်း၊ လူနေအိမ်များ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်သူများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေဝင်နစ်မြုပ်ခဲ့သည့် ရပ်ကွက်ကျေးရွာများအတွင်း သန့်ရှင်းရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးခြင်း၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာများအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းဖြင့် ရေဘေးရှောင် ပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်ဒေသအသီးသီး၌ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ယခုမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်သည် မြန်မာနိုင်ငံအတွက်ကြီးမားသည့်သင်ခန်းစာတစ်ခုဖြစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်နှင့် တိုင်းစစ်ဌာနချုပ်များ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက မှာကြားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here