Saturday, December 21, 2024

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု(အေ)စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု (အေ)တွင် စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ယမန်နေ့က အုပ်စု(အေ)အဆင့်ပွဲစဉ်များ နောက်ဆုံးကစားပြီးချိန်တွင် စင်ကာပူအသင်းသည် ထိုင်းအသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အရှေ့တီမောအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ကို...

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန်...

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို...

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ...
HomeNewsLocal Newsပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ခြောက်လအတွင်း...

ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ခြောက်လအတွင်း ပြီးစီးစေရေး နစကဥက္ကဌ တိုက်တွန်း

ရေဘေးသင့်ပြည်သူများအတွက် နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ခြောက်လအတွင်း ပျက်စီးမှုအနည်း၊ အများ အလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားသည်။

နစက ဥက္ကဋ္ဌမှ ယမန်နေ့စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးသို့တက်ရောက်၍ ဆွေးနွေးပြောကြားရာ၌ တိုက်တွန်း မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကာ ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ခန်းစာများလစ်ဟင်းမှု မရှိစေရေး အချိန်ပိုများ သင်ကြားပေးရန်လိုကြောင်း၊ ကျောင်းပိတ်ရက်အလွန်များပြားသွားမည်ဆိုပါက နွေရာသီ တွင် ပြန်လည်သင်ကြားပေးနိုင်ရေး စီမံသွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရနိုင်သမျှ Saving လုပ်သွားရန်လိုကြောင်းလည်း နစကဥက္ကဌက ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေး၌ တင်ပြချက်များကို Check List ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို အမြဲ မပြတ်စိစစ်၍ လုပ်ငန်းတိုးတက်မှုများကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွားရန်နှင့်တင်ပြသွားရန်လိုကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေး အဓိကထား ဆောင်ရွက်သွားကြရန်လည်း နစကဥက္ကဌက တိုက်တွန်းပြောကြားခဲ့သည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ နိုင်ငံတဝှမ်း ရေကြီးမှုများ ကြုံတွေ့ခဲ့ရကာ အသက်ဆုံးရှုံးမှုများလည်း ဖြစ်နေပြီး လက်ရှိတွင် ရေဘေးကြောင့် လူ ၄ သိန်းနီးပါး ရေဘေးရှောင်နေရကာ ၂၂၆ ဦး ‌ေ-သဆုံး၍ ၇၇ ဦးပျောက်ဆုံးနေကြောင်း နစက ကထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု(အေ)စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု (အေ)တွင် စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ယမန်နေ့က အုပ်စု(အေ)အဆင့်ပွဲစဉ်များ နောက်ဆုံးကစားပြီးချိန်တွင် စင်ကာပူအသင်းသည် ထိုင်းအသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အရှေ့တီမောအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ကို အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် အုပ်စုအဆင့်ပွဲစဉ်များ ကစားပြီးချိန်တွင် ထိုင်းအသင်းက အုပ်စုတွင်းပထမ နှင့် စင်ကာပူအသင်းက အုပ်စုတွင်း ဒုတိယနေရာများဖြင့် ဆီးမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူအသင်းအနေဖြင့် မလေးရှားအသင်းနှင့်ပွဲစဥ်၌ ဂိုးမရှိသရေရလဒ်အဆုံးသတ်ခဲ့သည့် အတွက် (၂)ပွဲနိုင်၊(၁)ပွဲသရေ၊(၁)ပွဲရှုံးဖြင့် စုစုပေါင်းရမှတ် (၇)မှတ်ရရှိခဲ့သည်။ စင်္ကာပူအသင်းသည် ဆီမီးဖိုင်နယ်အဆင့်ကို ၂၀၂၀ ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၌ နောက်ဆုံးတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်သည့် မလေးရှားအသင်းကိုကျော်လွန်ကာ ဆီမီးဖိုင်နယ်အဆင့်ကို...

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန် ဆီအသင်း ဥက္ကဋ္ဌတိုက်တွန်း

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဒေါ်လာရရှိအောင် ဆောင်ရွက်ပေးထားပြီးဖြစ်၍ ဈေးတင်မရောင်းချရန်နှင့် လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ ပင်လယ်ဝကိုရောက်သည်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးနေပြီး လိုင်စင်ထုတ်ပေးသည့်ပမာဏ၏ (၃၅) ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာ (၂၁၀၀)...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အပါအဝင် လူအများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်သည် စနေနေ့တွင် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုမည်ဟုလည်း သူ၏ ရုံးက ပြောဆိုခဲ့သည်။ “မက်ဒီဘတ်မှ သတင်းပေးပို့ချက်တွေအရ ကြောက်လန့်စရာအရာတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊ ‌ေ-သဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ထပ်တူ ခံစားရပါတယ်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071