မိသားစုလိုက် ရေထဲမျောပါခဲ့သည့် ဝမ်းတွင်း၊ ရိုးစုံရွာမှ မိသားစုဝင်များ၏ ရုပ်အလေ-ာင်း (၃) လေ-ာင်း ပြန်လည်ရရှိ

0
392

ယာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်စဉ်တွင် ရေထဲမျောပါခဲ့သည့် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာမှ မိသားစုဝင်(၄)ဦးအနက် (၃)ဦး၏ ရုပ်အလေ-ာင်း ပြန်ရှာတွေ့ကာ (၁)ဦးအသက်ရှင်ခဲ့ကြောင်း မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။

ယင်းဖြစ်စဉ်၌ ရိုးစုံကျေးရွာရှိ မိသားစုတစ်ခုတည်းမှ မိဘနှစ်ဦး၊ သားသမီးနှစ်ဦး စုစုပေါင်း (၄)ဦး ရေဖြင့် မျောပါခဲ့ကာ အမျိုးသမီးဖြစ်သူ မိခင်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

မန္တလေးတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် စုစုပေါင်း အဖွဲ့ဝင် (၈၀)ဦး ဖြင့် တစ်ဖွဲ့လျှင် (၁၀)ဦးပါ အဖွဲ့ငယ်များခွဲ၍ တောနင်းရှာဖွေကြရာ သမီးငယ်၏ ရုပ်အလေ-ာင်းကို စက်တင်ဘာလ (၁၆)ရက်၌ တွေ့ရှိခဲ့ကာ ကျန်သည့် ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူ၏ ရုပ်အလေ-ာင်းများကို စက်တင်ဘာလ (၁၇) ရက်၌ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“(၁၆) ရက်နေ့ က ရွံ့ထဲတွင်တွေ့ရှိခဲ့သော ကလေ–းငယ် (မကေခိုင်ထွန်း) ၏ ဖခင်ဖြစ်သူ ဦးမြင့်သန်း နှင့် အကိုဖြစ်သူ ကိုသက်ဝေထွန်းတို့ ၏ ရုပ်အလေ-ာင်းများအား ရိုးစုံကျေးရွာ နှင့်
တစ်နာရီကျော်လမ်းလျှောက်ခရီးတွင် နေရာနှစ်ခုခွဲ၍ ရှာဖွေတွေ့ရှိခဲ့ပါသည်” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က လူမှုကွန်ရက်မှ တဆင့်ပြော သည်။

ယင်းနောက် မိသားစု၏ ကျန်ရစ်သူ မိခင်အား ခေါ်ယူကာ အတည်ပြုချက်ရယူပြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သလို ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်နေသ ည်ဟု ဆိုသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ နိုင်ငံတစ်ဝန်း ရေကြီးမှုများ ကြုံတွေ့ခဲ့ရကာ အသက်ဆုံးရှုံးမှုများလည်း ဖြစ်နေပြီး လက်ရှိတွင် ရေဘေးကြောင့် လူ (၄) သိန်းနီးပါး ရေဘေးရှောင်နေရကာ (၂၂၆) ဦး ‌ေ-သဆုံးခဲ့ပြီး (၇၇) ဦးပျောက်ဆုံးနေကြောင်း နစက ကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here