ယာဂီအလွန် နောက်ထပ်မုန်တိုင်းအတွက် ဗီယက်နမ် ပြင်ဆင်နေရပြန်

0
66
This aerial view shows flooded farms and fields in Hanoi on September 12, 2024, as heavy rains in the aftermath of Typhoon Yagi brought flooding to northern Vietnam. (Photo by NHAC NGUYEN / AFP)

အားကောင်းသော မုန်တိုင်းတစ်ခုဖြစ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတစ်ခုသည် နိုင်ငံ၏ အလယ်ပိုင်းကမ်းရိုးတန်းဒေသကို ဦးတည်နေသောကြောင့် ရေကြီးရေလျှံမှုများ ထပ်ဖြစ်လာနိုင်ခြေ ရှိသည့်အတွက် ဗီယက်နမ်တွင် ကြိုတင်ပြင်ဆင်မှုများ ကို လုပ်ဆောင်နေရသည်။ နိုင်ငံမြောက်ပိုင်းတွင် ရေကြီးမြေပြိုမှုများကြောင့် ‌ေ-သဆုံးသူ ၂၉၀ ကျော်လာခဲ့သော တိုက်ဖွန်းယာဂီအပြီး ရက်ပိုင်းအကြာတွင်ပင် နောက်မုန်တိုင်းတစ်လုံးအတွက် ပြင်ဆင်နေရခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်ကို မျက်နှာမူနေသည့် ရှည်လျားသောကမ်းရိုးတန်းရှိသော ဗီယက်နမ်သည် အ‌ေ-သအပျောက်များပြားပြီး စက်မှုလုပ်ငန်း ထုတ်လုပ်မှုများနှင့် ပိုင်ဆိုင်မှုများကို ဆိုးဆိုးဝါးဝါး ပျက်စီးစေသည့် အပူပိုင်း မုန်တိုင်းများ ကျရောက်လေ့ရှိသည်။

လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အားကောင်းလာကာ မုန်တိုင်းတစ်ခုအဖြစ် လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း အစိုးရက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ကမ်းရိုးတန်းပြည်နယ်များကို သတိပေးချက်ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းကြောင့် ဗီယက်နမ်အလယ်ပိုင်းတွင် မိုးသည်းထန်မှုများ ရှိလာမည်ဖြစ်ကြောင်း လေဖိအားနည်းရပ်ဝန်းသည် ရှုပ်ထွေးသည့်ပုံစံဖြင့် ပြောင်းလဲရွေ့လျားနေပြီး လမ်းကြောင်း၊ အရှိန်နှင့် ပြင်းအားတို့တွင် အပြောင်းအလဲဖြစ်လာနိုင်ကြောင်း အစိုးရက ပြောဆိုခဲ့သည်။

Ref: အေးရှားဝမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here