သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် (၁၀)သန်း ရောင်းချပေးမည်

0
51

ယနေ့ စက်တင်ဘာ (၁၈) ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတဆင့် သွင်းကုန်လုပ်ငန်းရှင်များကို ထိုင်းဘတ်(၁၀)သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။

စက်တင်ဘာလ (၁၂)ရက်တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီအတွက် အမေရိကန်ဒေါ်လာ (၁၀) သန်းနှင့် စားသုံးဆီအတွက် အမေရိကန်ဒေါ်လာ (၇)သန်းကို FX Trading Platform မှတဆင့် ရောင်းချပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁)ရက်မှ ယနေ့အထိ တစ်လခွဲကျော်အတွင်း ဒေါ်လာသန်း (၂၃၀) ၊ ထိုင်းဘတ်သန်း (၁၇၀)နီးပါးနှင့် တရုတ်ယွမ်သန်း (၂၀)ကျော်ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းတွင် ပြင်ပနိုင်ငံခြားငွေကြေး ဈေးကွက်၌ ဒေါ်လာဈေး ကျပ် ၇၀၀၀ ကျော်ထိ အမြင့်ဆုံးနှုန်းထားရောက်ခဲ့ပြီး ဗဟိုဘဏ်က ဒေါ်လာသန်းရာချီရောင်းချပေးခဲ့ပြီးနောက် ဆက်တိုက်အကျရှိလာခဲ့ကြောင်း သိရသည်။

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ (၅၂၅၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၁၅၁) ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် (၇၁၂) ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here