အိန္ဒိယဝန်ကြီးချုပ် အမေရိက သွားမည်

0
42

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် စက်တင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ အမေရိကသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက အင်္ဂါနေ့တွင် ပြောဆိုသည်။

ခရီးစဉ်အတွင်း မိုဒီသည် အိန္ဒိယ၊ အမေရိက၊ ဂျပန်နှင့် သြစတြေးလျတို့ပါဝင်သည့် Quad အဖွဲ့ အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Delaware ပြည်နယ် Wilmington တွင်ပြုလုပ်မည့် ယင်း အစည်းအဝေးကို သမ္မတ ဂျိုးဘိုင်ဒင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ယင်းသည် Quad အဖွဲ့ခေါင်းဆောင်များ၏ လေးကြိမ်မြောက် ထိပ်သီးအစည်းအဝေးဖြစ်လာမည်ဖြစ်သည်။ မိုဒီသည် တနင်္ဂနွေနေ့တွင် နူးယောခ့်ရှိ အိန္ဒိယအသိုက်အဝန်းနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်း ပြောသွားမည်ဟုလည်း သိရသည်။

ထို့အပြင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က အဆိုပါ ခရီးစဉ်အတွင်း မိုဒီနှင့် တွေ့ဆုံသွားမှာဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောဆိုသည်။ မစ်ရှီဂန်တွင် ပြုလုပ်သည့် မဲဆွယ်ပွဲအတွင်း ထရန့်က ယင်းကဲ့သို့ ကြေညာသွားခဲ့ခြင်းဖြစ်ပြီး မိုဒီသည် ထူးခြားသူတစ်ဦးဖြစ်သည်ဟု သူက ဆိုခဲ့သည်။

“နောက်အပတ်မှာ သူ ကျွန်တော့်ကို လာတွေ့မှာပါ” ဟု ထရန့် ထောက်ခံသူ လူအုပ်ကို ပြောဆိုခဲ့သော်လည်း ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။

Ref: Investing.com, NDTV


LEAVE A REPLY

Please enter your comment!
Please enter your name here