ပါလက်စတိုင်းကိုပြန်မသိမ်းဘဲ အပစ်ရပ်ဖို့ ဟားရစ်တောင်းဆို

0
63
US Vice President and Democratic presidential candidate Kamala Harris waves as she boards Air Force Two at Philadelphia International Airport in Philadelphia, Pennsylvania, on September 17, 2024, as she returns to Washington, DC. (Photo by Jim WATSON / AFP)

ဖီလက်ဒယ်လ်ဖီးယား၊စက်တင်ဘာ ၁၈

အစ္စရေး – ဂါဇာစစ်ပွဲ ကို အဆုံးသတ်နိုင်ရန် အစ္စရေးအနေဖြင့် ပါလက်စတိုင်းနယ်မြေကို ပြန်လည်သိမ်းပိုက်ခြင်းမပြုဘဲ အပစ်အခတ်ရပ်စဲရေး ကို အကောင်အထည်ဖော်ဆောင်သင့်ကြောင်း အမေရိကန်ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကင်မ်မလာဟားရစ်ကပြောကြားခဲ့သည်။

အစ္စရေးနှင့်ဟားမတ်စ်တို့အကြားစစ်ပွဲကိုအမြန်အဆုံးသတ်ပြီး အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးကို ဦးစားပေးဖော်ဆောင်စေလိုကြောင်းကိုလည်း ၎င်းကပြောကြားခဲ့သည်။ နှစ်နိုင်ငံစနစ်ဖြင့်စစ်ပွဲကိုအမြန်ရပ်တန့်ပြီး အီရန်ကိုဩဇာမပေးသည့်နည်းလမ်းဖြင့် အပစ်အခတ်ရပ်စဲကြရန်ကိုလည်းတောင်းဆိုခဲ့သည်။

“ဒီလိုသဘောတူညီချက်မျိုးကပဲ ဒေသတွင်းမှာရှိတဲ့လူတိုင်းရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့အတွက် အမြန်အကောင်အထည်ဖော်ဖို့လိုအပ်နေပြီဆိုတာကို ရှင်းရှင်းလင်းလင်းသိနေရပါပြီ” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယမန်နှစ်အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့က စတင်တိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့ရသည့် ယခုစစ်ပွဲအတွင်း အစ္စရေးတပ်များ က လေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်သဖြင့် ပါလက်စတိုင်းဒေသခံ ပြည်သူ ၄၁,၂၅၂ ဦးအထိ‌ေ-သဆုံးခဲ့ပြီဖြစ်ကာ ၉၅,၄၉၇ ဦးသည် ထိခိုက်ဒဏ်ရာများရရှိထားကြောင်းသိရသည်။

ဟားမတ်စ်တို့က အစ္စရေးသို့စတင်တိုက်ခိုက်ချိန်၌ အစ္စရေးနိုင်ငံသား ၁,၂၀၀ ကျော်‌ေ-သဆုံးကာ ဓ-ါးစာခံအဖြစ် လူပေါင်း ၂၅၀ ဦးဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်းလည်း အစ္စရေးက ထုတ်ပြန်သောစာရင်းများအရသိရှိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here