သံသယရှိဖွယ် ပဲ့ထိန်းဒုံးကျည်တစ်စင်း မြောက်ကိုရီးယား ပစ်လွှတ်

0
39

ပဲ့ထိန်းဒုံးကျည်ဟု သံသယရှိဖွယ် ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ပြီးနောက် ယင်းဒုံးကျည်သည် ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်သည်။

မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်တစ်စင်းသည် ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်ဟု ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြောကြားကြောင်း ကမ်းခြေစောင့်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် အဆိုပါ ဒုံးကျည်အား အရှေ့ဘက်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြထားသည်။

ဖြစ်နိုင်ချေရှိသော ဒုံးကျည်အပိုင်းအစများနှင့် ဝေးဝေးနေရန် သင်္ဘောများအား သတိပေးချက်ကို ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပြီး ယင်းတို့ကို တွေ့ရှိပါက အာဏာပိုင်များထံ ဆောလျင်စွာ သတင်းပို့ရန်ကိုလည်း ထပ်ဆင့်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here