အက်တမ် (ATOM) မှ ရေဘေးသင့်ဒေသများသို့ ဖုန်းခေါ်ဆိုခွင့်နှင့်စာတို SMS ပေးပို့ခွင့်များပေးထား

0
50

အက်တမ် (ATOM) က မြန်မာနိုင်ငံတွင်းရှိ ရေကြီး ရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ Customer များအတွက် အခမဲ့ဖုန်းခေါ်ဆိုမှုမိနစ်များနှင့် စာတို SMS ပေးပို့ခွင့်များ လုပ်ဆောင်ပေးလျက်ရှိသည်။

အက်တမ် (ATOM) အနေဖြင့် ရေဘေးသင့်ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ Customer များအတွက် မိနစ် (၅၀၀) အခမဲ့ ဖုန်းပြောခွင့်နှင့် စာတို SMS (၅၀၀) အခမဲ့ ပေးပို့ခွင့်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

အက်တမ် (ATOM) မှပေးအပ်သည့် အခမဲ့ဝန်ဆောင်မှုများကို ရရှိနိုင်မည့် တိုင်းဒေသကြီး၊ မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ရှမ်းပြည်နယ် – ကလော၊ တာချီလိတ်၊ ကျိုင်းတုံ

မကွေးတိုင်းဒေသကြီး – စလင်း၊ ပွင့်ဖြူ

မန္တလေးတိုင်းဒေသကြီး – ရမည်းသင်း၊ ဝမ်းတွင်း၊ မြစ်သား ၊ ပျော်ဘွယ်၊ ကျောက်ဆည်

နေပြည်တော် – တပ်ကုန်း၊ ပျဉ်းမနား၊ ပုဗ္ဗသီရိ၊ ဇေယျာသီရီ တို့ဖြစ်သည်။

အဆိုပါ ထောက်ပံ့မှုအစီအစဉ်နှင့် ပတ်သက်ပြီး အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah မှ “အခုလို အရေးပေါ်အကြပ်အတည်းကာလမှာ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မပျက်စေဖို့က အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ အက်တမ် (ATOM) က သိရှိနားလည်ပါတယ်။ ရေဘေးသင့်ဒေသမှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူ Customer တွေအနေနဲ့ သက်ဆိုင်ရာ အရေးကြီးသတင်းအချက်အလက်တွေ သိရှိနိုင်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မပျက်စေဖို့အတွက် စာတို SMS နဲ့ ဖုန်းခေါ်ဆိုမှုမိနစ်တွေကို အခမဲ့ ပေးအပ်ထားတာကြောင့် အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ အက်တမ် (ATOM) ကမျှော်လင့်ပါတယ်။ အခုလိုမျိုးအရေးပေါ် အခြေအနေတွေမှာ အက်တမ် (ATOM) က မြန်မာနိုင်ငံက လူမှုပတ်ဝန်းကျင် အတွက် လူသားချင်းစာနာမှုအထောက်အပံ့များနဲ့ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆက်လက်ပြီး ပေးအပ်သွားဖို့လည်းရှိပါတယ်” ဟု ပြောကြားခဲ့သည်။

အက်တမ် (ATOM) သည် ယခုကဲ့သို့အခမဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ခြင်းအပြင် ရေဘေးသင့်ဒေသများသို့ အစားအစာ၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ဇီးကောက်ဘုန်းတော်ကြီးကျောင်းသို့ ငွေသားပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here