ရေဘေးကြောင့်‌ေ-သဆုံးသူတစ်ဦးလျင် (၈)သိန်းကျပ်စီ ထောက်ပံ့ကြေးရမည်

0
37

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ၌ ကြုံတွေ့ခဲ့ရသော ရေဘေးဒဏ်ကြောင့် ‌ေ-သဆုံးသူတစ်ဦးလျင် ထောက်ပံ့ကြေးအဖြစ် (၈) သိန်းကျပ်စီရရှိမည်ဟု နိုင်ငံပိုင်သတင်းဌာနဖြစ်သော MRTV News Channel တွင် အသိပေးကြေညာခဲ့သည်။

နိုင်ငံတော်အစိုးရက ရေဘေးကြောင့်‌ေ-သဆုံးသူတစ်ဦးလျင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ်(၅)သိန်းစီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်(၃)သိန်းစီ (စုစုပေါင်း ၈ သိန်း)ကျပ်စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များမှလည်း ရေဘေးကြောင့်‌ေ-သဆုံးသူများအား သီးခြားထပ်မံထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့၍ ချောင်းရေ/မြစ်ရေများ အဆက်မပြတ်မြင့်တက်စီးဆင်းခဲ့သည်။

ထိုသို့ မြင့်တက်စီးဆင်းမှုကြောင့် နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့အတွင်းရှိ မြို့နယ်(၅၆)မြို့နယ်မှ ရပ်ကွက်/ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူ‌ေ-သဆုံးမှုနှင့်ပျောက်ဆုံးမှုများ၊ နေအိမ်၊ ရုံးဌာနအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အခြားအဆောက်အဦများပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက် ၉ နာရီအထိ စာရင်းများအရ ရေဘေးကြောင့် ‌ေ-သဆုံးသူ (၂၆၈)ဦးရှိခဲ့ကာ ပျောက်ဆုံးနေသူ (၈၈)ဦးရှိ၍ ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here