မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်ရုံ တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

0
31

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အမှတ် H-၁၉၆၊ (၁၃၉)လမ်းနှင့် (၆၁)လမ်းကြားရှိ စက်ရုံ တစ်ခုတွင် Level 2 အဆင့်ရှိ မီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီကျော် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ စက်တင်ဘာ (၁၈)ရက်၊ ည (၆)နာရီ (၃၅)မိနစ်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့များ၊ ဒေသတွင်းရှိ လူမှုကူညီရေး အသင်းများ ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာ ငြှိမ်းသတ်ရာ လောင်ကျွမ်းမှုမှာ မီးများသဖြင့် Level 1 ယာဉ်အုပ်စုများ ဆက်လက်ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့နောက် မီးလောင်ကျွမ်းမှုမှာ ဆက်လက်များပြားလာသဖြင့် ည (၆)နာရီ (၄၆)မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ည (၇)နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ကာ၊ ည (၇)နာရီ၊ (၄၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်ကျွမ်းမှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့ မှ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ (၁၈)ရက်၊ နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာတွင် အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရသေးကြောင်း အမရပူရမြို့နယ်မီးသတ်စခန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here