ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများ၏ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်မှဦး ဆောင်ကာ ဆောင်ရွက်ပေးမည်ဖြစ်

0
31

ရေဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်မှဦးဆောင်၍ဆောင်ရွက်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစက ဥက္ကဋ္ဌမှ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ရေဘေးရှောင်
ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအားတွေ့ ဆုံ၍ အားပေးစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ရှောင်ရှား၍မရသော်လည်း ကြိုတင်ကာကွယ်မှုများလုပ်ဆောင်နိုင်သကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် မူလအခြေအနေများပြန်ရောက်စေရန်နှင့် ပိုမိုကောင်းမွန်စေရန် မိမိတို့အားလုံး၏ လုံ့လ၊ ဝီရိယများဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု ပြောသည်။

” ဒါ့ကြောင့် စိတ်ဓာတ်ကျနေလို့မရဘဲ မူလအခြေအနေပြန်ရအောင် ကြိုးပမ်းဆောင်ရွက်သွားရပါမယ်။ ပျက်စီးဆုံးရှုံးခဲ့တဲ့နေရာတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတော်ကဦးဆောင်ပြီး ဆောင်ရွက်ပေးသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပျက်ဆီးဆုံးရှုံးခဲ့သည့် ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်နိုင်ရန်၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရန်တို့အတွက် တာဝန်ရှိသူများကဆောင်ရွက်ပေးလျက်ရှိကာ အချိန်ကာလအားဖြင့် အများဆုံး ၆ လတာကာလအတွင်း မူလအခြေအနေပြန်လည်ရောက်ရှိအောင်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအားမှာကြားထားပြီးဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ပျက်စီးသွားသည့် စပါးစိုက်ခင်း၊ ပဲစိုက် ခင်း၊ နှမ်းစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများပြန်လည်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ တတ်နိုင်သမျှပံ့ပိုးပေးသွားမည်ဖြစ်ကာ နွေသီးနှံများကိုအပြည့်ပြန်လည်စိုက်ပျိုးပြီး မိုးရာသီတွင်ပျက်စီးသွားသည့် သီးနှံများကိုဖြည့်စွက်စိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု ပြောသည်။

” ဒီနှစ်ထဲမှ မိုးရွာသွန်းမှုများပြားတာကြောင့် ဆည်/တာတမံတွေထဲကို ရေတွေပြည့်ဝစွာ ဝင်ရောက်နေတာကြောင့် လာမယ့်နွေရာသီအတွက် စိုက်ပျိုးရေ အပြည့်အဝရရှိစေမှာပါ”ဟု ဆိုသည်။

ထို့အတူ မွေးမြူထားသည့် တိရစ္ဆာန်များ‌ေ-သဆုံးခဲ့၍ မွေးမြူရေးလုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်ရန် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများကိုပိုမိုရရှိခံစားနိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here