“အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအ တိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေးပါမယ်”ဟုရေဘေးသင့်ပြည်သူများကို နစက ဥက္ကဋ္ဌ အားပေး

0
44

ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ရေ ဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများထံ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်တွေ့ဆုံစဥ် “အတတ်နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေးပါမယ်”ဟု အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍လည်း ၎င်းက “သဘာဝဘေးအန္တရာယ်ဆိုတာက ရှောင်ရှားလို့မရဘူးပေါ့ဗျာ၊ တကယ်တော့ စိတ်မကောင်းဘူးပေါ့၊ နိုင်ငံတော်ရဲ့ဆုံးရှုံးမှုဆိုတဲ့ဟာထဲမှာလည်း ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုတွေပါသလို၊ နိုင်ငံတော်ကတည်ဆောက်ထားတဲ့ လမ်း၊ တံတား၊ အဆောက်အဦတွေ၊ စက်ရုံအလုပ်ရုံတွေ၊ လျှပ်စစ်ဓာတ်ပေးဝေရေးလုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဒါတွေလည်း နိုင်ငံတော်ကဆုံးရှုံးသွားတာပဲ၊ ခင်ဗျားတို့လည်း ခင်ဗျားတို့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတာပဲ”ဟု ဆိုသည်။

“ရေဘေးကြောင့် ကလေ-းတွေပါသွားတာရှိတယ်၊ စိတ်လည်းမကောင်းပါဘူး၊ အတတ်
နိုင်ဆုံးခင်ဗျားတို့ မူလအခြေအနေအတိုင်းဖြစ်အောင်တော့ ကျွန်တော်တို့ကူညီပေးပါမယ်၊ ‌ေ-သဆုံးမှုအတွက်လည်း လူမှုဝန်ထမ်းဝန်ကြီးဌာနကနေပြီးတော့ လျော်ကြေးတွေပေးတယ်၊ နောက်ဒဏ်ရာရတဲ့သူတွေဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေပေးတယ်”ဟုလည်း ဆိုသည်။

“ပျက်စီးသွားတဲ့ အဆောက်အဦတွေအတွက် တွက်ချက်နေပါတယ်၊ လုံးဝပျက်သွားတဲ့နေအိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ တစ်စိတ်တစ်ပိုင်းပျက်သွားတဲ့ အိမ်တွေဆိုရင် ဘယ်လိုပေးမလဲ၊ လုံးဝပျက်သွားတဲ့အိမ်မှာမှ တဲဆိုရင်ဘယ်လောက်ပေးမလဲ၊ ရိုးရိုးအိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တစ်ထပ်အိမ်ဆိုရင်ဘယ်လောက်ပေးမလဲ၊ နှစ်ထပ်အိမ်ဆိုရင် ဘယ်လောက်ပေးမလဲ၊ တတ်နိုင်သလောက် ကျွန်တော်တို့ပေးပါမယ်‌၊ ဖြစ်နိုင်သလောက် ဒေသနဲ့ကိုက်ညီတဲ့ဟာမျိုးတော့ ကျွန်တော်တို့စဉ်းစားပါတယ်”ဟု နစက ဥက္ကဋ္ဌက အားပေးစကားပြောကြားခဲ့သည်ဟု သိရသည်။

နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်
အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလည်း လိုက်ပါ၍ ရေဘေးရှောင်ပြည်သူများကို သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ရေပစ္စည်းများပေးအပ်ခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here