ယာဂီမုန်တိုင်းကြောင့် ကလေ-းခြောက်သန်း ထိခိုက်ခံစားခဲ့ရ–ယူနီဆက်ဖ်

0
46
(FILES) Flood-affected residents line up for food at a temporary camp set up at a monastery in Taungoo, Myanmar's Bago region on September 14, 2024, following heavy rains in the aftermath of Typhoon Yagi. - Deadly floods and landslides triggered by Typhoon Yagi have affected nearly six million children across southeast Asia, the UN said September 18, as the death toll from the disaster rose. (Photo by Sai Aung MAIN / AFP)

ဘန်ကောက်၊စက်တင်ဘာ ၁၈

တိုက်ဖွန်းယာဂီကြောင့် လူအ‌ေ-သအပျောက်များသည့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါအခြေအနေသည် အရှေ့တောင်အာရှတစ်ဝန်းရှိ ကလေ-းငယ်ပေါင်း ၆ သန်းနီးပါးကို ထိခိုက် စေခဲ့ကြောင်း ကုလသမဂ္ဂကပြောကြားခဲ့သည်။

တိုက်ဖွန်းယာဂီသည် ဗီယက်နမ်၊ထိုင်း၊လာအိုနှင့် မြန်မာနိုင်ငံတို့ကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်နီးပါးက ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့်လေပြင်းများတိုက်ခတ်ကာမိုးသည်းထန်စွာရွာသွန်းခဲ့သည်။

ထိုင်းနိုင်ငံ၌ ယနေ့စက်တင်ဘာ ၁၈ တွင် ‌ေ-သဆုံးသူ ၃ ဦးထပ်တိုးကာ စုစုပေါင်း‌ေ-သဆုံးသူ ၁၈ ဦးရှိခဲ့ပြီး ဒေသတွင်းစုစုပေါင်း‌ေ-သဆုံးသူသည် ၅၃၇ ဦးအထိဖြရှိလာခဲ့သည်။

ယာဂီကြောင့် အရှေ့တောင်အာရှတစ်ခွင်ရှိ ကလေ-းငယ်ပေါင်း ခြောက်သန်းအထိ ထိခိုက်ခံစားခဲ့ရကာ သောက်သုံးရေသန့်၊ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊စားနပ်ရိက္ခာနှင့် အမိုးအကာများ အားလုံးဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ ကလေ+းသူငယ်အေဂျင်စီ ယူနီဆက်ဖ်ကပြောကြားခဲ့သည်။

တိုက်ဖွန်းယာဂီကြောင့် ထိခိုက်လွယ်ဆုံးဖြစ်သည့် ကလေ+းများနှင့်မိသားစုများသည် အဆိုးရွားဆုံးသောနောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်နေရကြောင်းလည်း ယူနီဆက်ဖ်၏ အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာဒါရိုက်တာ June Kunugi ကပြောကြားခဲ့သည်။

ဗီယက်နမ်၌မူ သောက်သုံးရေနှင့် မိလ္လာစနစ်ချို့တဲ့မှုများကြောင့် လူပေါင်း ၃ သန်းခန့်သည် ရောဂါအန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်းလည်း ယူနီဆက်ဖ်ကဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လူပေါင်း လေးသိန်းနီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ နေပြည်တော်အနီးမှရေဘေးသင့်ဒေသများတွင်လည်း အစာအဆိပ်သင့်မှုကြောင့် လူ ၁၀၀ ကျော် ဆေးကုသမှုခံယူရန်လိုအပ်နေကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here