မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်မည်မဟုတ်သလို NUGနှင့် နိုင်ငံရေး၊စစ်ရေး ပူးပေါင်းမည်မဟုတ်ကြောင်း MNDAA ထုတ်ပြန်

0
45

စက်တင်ဘာ ၁၈ ညပိုင်းက နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် MNDAA ၏ ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာပြီး ၎င်းတို့အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

တရုတ် (သို့) မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် ပူးပေါင်းမည်မဟုတ်ဟုလည်း ပါဝင်သည်။

ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအနေဖြင့်
လက်ရှိတစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာနေသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးရန်လည်း အထူးမေတ္တာရပ်ခံသည်ဟုလည်း ရေးသားထားသည်။

ထို့အပြင် ၄င်းတို့အနေဖြင့် ချက်ချင်းအပစ်ခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းကာ ပဠိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၅ ရက်က တရုတ်ဘာသာဖြင့်ရေးသားထားသည့် ယင်းထုတ်ပြန်ချက် လူမှု
ကွန်ရက်တွင် ထွက်ပေါ်ခဲ့ဖူးပြီး ယခုတဖန် မြန်မာဘာသာဖြင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here