အစာအဆိပ်သင့်မှုမျိုး မဖြစ်ပွားစေရန် ရေဘေးလှူဒါန်းမှုများကို ကြီးကြပ်ရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ညွှန်ကြား

0
41

အစာအဆိပ်သင့်မှုမျိုး မဖြစ်ပွားစေရန် ရေဘေးရှောင်စခန်းများအလိုက် လာရောက်လှူဒါန်းမှုများကို ကြီးကြပ်ရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန်လိုအပ်သည်ဟု နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ ကြီးကြပ်‌ရေးအဖွဲ့ ဖွဲ့၍ ဆောင်ရွက်မည်ဆိုပါက မလိုလားအပ်ဘဲ ထိခိုက်မှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် ယင်းအတွက် အလှူရှင်များကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားရန်လိုကြောင်း မှာကြားသည်။

ယင်းသို့ ပြောကြားမှုသည် စက်တင်ဘာ (၁၇)ရက်က တပ်ကုန်းမြို့နယ်၊ ချောင်းခြားရွာတွင် အလှူရှင်များက လှူဒါန်းသည့် ဒံပေါက်အပြင် အစားအသောက်အချို့ကို စားမိရာမှတစ်ဆင့် ရေဘေးသင့်ပြည်သူများနှင့် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်သူ စုစုပေါင်း (၁၀၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းအပေါ် ရည်ညွှန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရေဘေးသင့်ပြည်သူများထံသို့ အစားအသောက်များ ထောက်ပံ့ရာတွင် အလှူရှင်များကွဲပြားသည့်အတွက် တွဲဖက်၍ စားသုံးရန်မသင့်သည်များကို တွဲဖက်စားသုံးမိခြင်း၊ သယ်ယူပို့ဆောင်ရာတွင် သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် အစာအဆိပ်သင့်မှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများအလိုက် လာရောက်လှူဒါန်းမှုများကို စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများ၊ အဖွဲ့အစည်းများမှ မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီပေးခြင်းများ၊ အစားအသောက်ထောက်ပံ့ပေးအပ်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပေါ် နိုင်ငံတော်အနေဖြင့်လည်း ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်ဟု သိရသည်။

စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက တောင်ငူမြို့ ဝက်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် လူတစ်ရာကျော် အစာဆိပ်သင့်၍ တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့ရသော်လည်း ‌ေ-သဆုံးသူမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here