အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန် (၅၃) တန်လှူဒါန်းခဲ့

0
59

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံရေဘေးသင့်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများအား လေကြောင်းဖြင့် (၃၂) တန် ၊ ရေကြောင်းဖြင့် (၂၁) တန် စုစုပေါင်းတန်ချိန် (၅၃) တန်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းယာဂီကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် Operation Sadbhav (ချစ်ကြည်ရင်းနှီးမှုအစီအစဉ်) ဖြင့် အိန္ဒိယနိုင်ငံ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီဖြင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းများ စုစုပေါင်း ပစ္စည်းတန်ချိန် (၃၂) တန်အား ပထမအသုတ်အဖြစ် အိန္ဒိယတပ်မတော် (လေ) မှ သယ်ယူပို့ဆောင်‌ရေးလေယာဉ်ဖြင့် နေပြည်တော်သို့ ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Abhay Thakur မှ နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ထံသို့ နေပြည်တော်လေဆိပ်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် အိန္ဒိယတပ်မတော်(ရေ) မှ စစ်ရေယာဉ် INS Satpura ဖြင့် ကယ်ဆယ်ရေးအကူအညီ ပစ္စည်းများ စုစုပေါင်း ပစ္စည်းတန်ချိန် (၂၁) တန်အား ဒုတိယအသုတ်အဖြစ် ရန်ကုန်မြို့သို့ စက်တင်ဘာလ ၁၇ ရက်မွန်းလွဲပိုင်းက ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ သီလဝါဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများပါဝင်သည့် သေတ္တာများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းသေတ္တာများတွင် ဆေးဝါး၊ အစားအသောက်၊ မီးဖိုချောင်သုံး ပစ္စည်းကိရိယာများ၊ အဝတ်အထည်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ၊ ရွက်ဖျင်တဲများ၊ ခြင်ထောင်များ၊ ဆိုလာမီးအိမ်များနှင့် ရေသန့်စင်ရေး ပစ္စည်းများ ပါဝင်သည်။ ဆေးဘက်ဆိုင်ရာပစ္စည်းများတွင် ရှေးဦးသူနာပြုပစ္စည်းများ၊ ပဋိဇီဝဆေးများ၊ ဓာတ်မတည့်ခြင်းအား ကုသသောဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ အဖြစ်များသော ကူးစက်ရောဂါများအတွက် သွေးကြောသွင်းအရည်များ ပါဝင်ပြီး လွှဲပြောင်းပေးအပ်သည့် စားသောက်ကုန်များတွင် ခေါက်ဆွဲခြောက်၊ ဆန်၊ နို့မှုန့်၊ သောက်ရေ၊ အသင့်စား အစားအစာများ၊ စွမ်းအင်မြင့် ဘီစကွတ်များ၊ သက်စောင့်ဓါတ်များပါဝင်သည့်အစားအစာ၊ စားသုံးဆီ၊ သကြား၊ ငါးသေတ္တာ၊ စည်သွပ်ဘူးများ၊ လက်ဖက်ခြောက်၊ ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်ကာ လူသုံးကုန်ပစ္စည်းများတွင် ခြင်ထောင်များ၊ တာပေါ်လင်၊ ရွက်ဖျင်တဲများ၊ အရောင်ချွတ်ဆေးမှုန့်၊ ပိုးသတ်ဆေးရည်၊ ဆပ်ပြာများ၊ ဆပ်ပြာမှုန့်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးသုံးပစ္စည်းများ၊ ချိုင်းထောက်များ၊ ဘီးတပ် ကုလားထိုင်များ၊ လွှကြီးများ၊ ရေငုပ်ပစ္စည်းကိရိယာများ၊ မျက်နှာသုတ်ပဝါများ၊ ရှပ်အင်္ကျီများ၊ စောင်များ၊ ခြေညှပ် ဖိနပ်များ၊ ဆီတိုင်ကီများ၊ ဆိုလာမီးအိမ်များ၊ ခရီးဆောင်မီးစက်များနှင့် ရေစုပ်စက်များ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here