ဗီယက်နမ် ကုန်တွင်းပိုင်းသို့ ယနေ့ ညနေမုန်တိုင်းဝင်မည်

0
38
This aerial view shows flooded farms and fields in Hanoi on September 12, 2024. - Millions of people across Southeast Asia struggled on September 12 with flooded homes, power cuts and wrecked infrastructure after Typhoon Yagi swept through the region, as the death toll passed 200. (Photo by Nhac NGUYEN / AFP)

အပူပိုင်းမုန်တိုင်းတစ်ခုသည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကုန်းတွင်းပိုင်းသို့ ကြာသပတေးနေ့(စက်တင်ဘာ ၁၉) ညနေပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အန္တရာယ်များသော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ဟု အစိုးရ မိုးလေဝသဌာနက ပြောသည်။ ဗီယက်နမ် မြောက်ပိုင်းဒေသများကို အားပြင်း တိုက်ဖွန်းမုန်တိုင်း ယာဂီဝင်ရောက်ခဲ့အပြီး ရက်အနည်းငယ်အကြာတွင် ယခု မုန်တိုင်းထပ်ဖြစ်လာခြင်းဖြစ်သည်။

ဗီယက်နမ်တွင် နံပါတ်-၄ မုန်တိုင်းဟု ခေါ်ဆိုသော ယင်းမုန်တိုင်းသည် Quang Tri မှသည် Nam ပြည်နယ်အထိ ကမ်းရိုးတန်းတလျှောက်ကို လေတိုက်နှုန်း တစ်နာရီ ၆၃ မိုင်ခန့်ဖြင့် ညနေပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယခုနှစ်အတွင်း အာရှဒေသတွင် အားအပြင်းဆုံး မုန်တိုင်းအဖြစ် လွန်ခဲ့သည့် နှစ်ပတ်နီးပါးခန့်က ဗီယက်နမ် မြောက်ပိုင်းကို ဝင်ရောက်ခဲ့သည့် တိုက်ဖွန်းယာဂီ၏ ဆိုးကျိုးများကြောင့် ဗီယက်နမ်နိုင်ငံသည် ရုန်းကန်နေရဆဲဖြစ်သည်။ အဆိုပါ တိုက်ဖွန်းကြောင့် ဗီယက်နမ်တွင် လူ ၂၉၀ ကျော် ‌ေ-သဆုံးခဲ့ပြီး ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၆ ဘီလျံဝန်းကျင်ရှိခဲ့သည်။

နံပါတ်-၄ မုန်တိုင်းကြောင့် ကမ္ဘာလှည့်ခရီးသွားနယ်မြေ ဒါနန်း အပါအဝင် ဗီယမ်နမ် အလယ်ပိုင်းတွင် ကြာသပတေးနေ့မှ သောကြာနေ့အထိ မိုးရေချိန် ၄ လက်မမှ ၁၂ လက်အကြား ရွာသွန်းနိုင်သည်ဟု မိုးလေဝသဌာနက ဆိုသည်။

ထို့အပြင် ဗီယမ်နမ်၏ အကြီးဆုံး ကော်ဖီစိုက်ခင်းများတည်ရှိရာ အလယ်ပိုင်းကုန်းမြင့်ဒေသများတွင်လည်း မိုးရွာသွန်းမှုများရှိလာမည်ဟု ဆိုခဲ့သည်။

Ref ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here