ယာဂီမုန်တိုင်းဒဏ်သင့်နိုင်ငံများ စင်္ကာပူထောက်ပံ့ကူညီမည်

0
16
Flood-affected residents wait for a rescue boat to pick them up in Taungoo, Myanmar's Bago region on September 14, 2024, following heavy rains in the aftermath of Typhoon Yagi. - Typhoon Yagi brought a colossal deluge of rain that has inundated a swathe of northern Vietnam, Laos, Thailand and Myanmar, triggering deadly landslides and widespread river flooding. (Photo by Sai Aung MAIN / AFP)

စင်္ကာပူ၊စက်တင်ဘာ ၁၈

စင်္ကာပူတပ်မတော် (SAF) သည် လာအို၊မြန်မာနှင့် ဗီယက်နမ်တို့ရှိ တိုက်ဖွန်း ယာဂီမုန်တိုင်းဒဏ်ခံခဲ့ရသောပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

A330 ဘက်စုံသုံးရေနံတင်သင်္ဘောတစ်စီးနှင့် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းတို့ဖြင့် ထောက်ပံ့ကူညီပို့ဆောင်ပေးမည်ဖြစ်ကြောင်း စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပေးအပ်မည့်ထောက်ပံ့ရေးပစ္စည်းများတွင် စောင်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာပစ္စည်းများ၊ရေစစ်စက်များ၊ရေသန့်ဘူးများနှင့် ရိက္ခာများပါဝင်သည်ဟုလည်းဆိုသည်။

အရှေ့တောင်အာရှနိုင်ငံအများစုသည် ယခုနှစ်အတွက် အင်အားအပြင်းဆုံးမုန်တိုင်းအဖြစ်သတ်မှတ်ခံထားရသည့် တိုက်ဖွန်းယာဂီကြောင့် ထိခိုက်ပျက်စီး‌ေ-သဆုံးမှုများကို အပြင်းအထန်ခံစားခဲ့ရသည်။

အဆိုပါတိုက်ဖွန်းမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကိုလည်း ဖြတ်ကျော်ဝင်ရောက်ခဲ့သဖြင့် စက်ရုံအများအပြားကိုပျက်စီးစေကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၉၀ ကျော်‌ေ-သဆုံးခဲ့သည်ဟုသိရသည်။

အဆိုပါမုန်တိုင်း၏နောက်ဆက်တွဲရေကြီးမှုကြောင့် မြန်မာနိုင်ငံ၌လည်း လူ ၂၀၀ ကျော်‌ေ-သဆုံးခဲ့ကာ စပါးခင်း ဟက်တာ ၂၆၀,၀၀၀ နီးပါးနှင့် အခြားသီးနှံများလည်း ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၌ဖော်ပြထားသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here