မလေးရှားဘုရင် တရုတ်နိုင်ငံသို့နိုင်ငံတော်ခရီးစဉ်သွားရောက်မည်

0
40
King of Malaysia Sultan Ibrahim Iskandar looks on during a welcoming ceremony at the National Palace in Kuala Lumpur, on January 31, 2024. - Malaysia installed an outspoken motorcycle-riding king on January 31, 2024 in an elaborate traditional ceremony steeped in centuries of tradition, with the billionaire determined to play a key role in ensuring political stability. (Photo by HASNOOR HUSSAIN / POOL / AFP)

စင်္ကာပူ၊စက်တင်ဘာ ၁၈

မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင်မ် ဆူလ်တန်အီစကန်ဒါသည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ လေးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်အတွင်း အိမ်နီးချင်းစင်္ကာပူနိုင်ငံနှင့် ချိတ်ဆက်မှုမြှင့်တင်ရေး စီမံချက်များကို ပြန်လည်လုပ်‌ဆောင်နိုင်ရန် တရုတ်၏ပံ့ပိုးကူညီမှုရရှိဖို့ကြိုးပမ်းမည်ဟုလည်းသိရသည်။

စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိကြာမြင့်မည့် ယခုခရီးစဉ်သည် တရုတ်သမ္မတရှီ၏ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်းသိရပြီး ယခုနှစ်အတွင်းကျရောက်မည့် တရုတ် – မလေးနှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အတွက်လည်းရည်ရွယ်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၀၉ ခုနှစ်ကစ၍ မလေးရှားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး ယမန်နှစ်က နှစ်နိုင်ငံကုန်သွယ်မှုစုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၉ ဘီလျံရှိပြီး မလေးရှားနိုင်ငံစုစုပေါင်းကုန်သွယ်မှု၏ ၁၇ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်ဟုသိရသည်။

အဆိုပါအချက်ကြောင့်ပင် မလေးရှားသည် အာဆီယံနိုင်ငံများအနက် ဗီယက်နမ်ပြီးလျှင် တရုတ်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်လာခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလက မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်မ် အာဏာရလာချိန်မှစ၍ ပေကျင်းနှင့် မလေးအကြားဆက်ဆံရေး ပိုမိုနွေးထွေးလာခဲ့ခြင်းလည်းဖြစ်သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here