ဗီတိုအာဏာကျင့်သုံးခွင့်ကို ဖျက်သိမ်းရန် ဖင်လန် သမ္မတ တောင်းဆို

0
52
Finland's President Alexander Stubb speaks during a joint press conference with Poland's President after their meeting in the Presidential Palace in Warsaw on September 10, 2024. (Photo by Wojtek RADWANSKI / AFP)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တစ်နိုင်ငံတည်း က ဗီတိုအာဏာ ကျင့်သုံးခွင့်ကို ဖျက်သိမ်း၍ လုံခြုံရေးကောင်စီ ၏လုပ်ပိုင်ခွင့်ကို တိုးချဲ့သတ်မှတ်ရန်နှင့် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုကဲ့သို့ တရားမဝင် စစ်ပွဲမျိုးတွင် ပါဝင်သည့် နိုင်ငံများကို အဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ရန် ဖင်လန် သမ္မတ အလက်ဇန်းဒါး စတပ်ဘ်က တောင်းဆိုခဲ့သည်။

နော်ဒစ်နိုင်ငံများ၏ နိုင်ငံခြားရေး မူဝါဒကို ဦးဆောင်သူ စတပ်ဘ်က လာမည့် သီတင်းပတ်အတွင်း နူးယော့ခ်တွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တောင်းဆိုမှုများတွင် သူ၏အာဘော်ကို ထည့်သွင်းပြောကြားသွားမည်ဟု ဆိုခဲ့သည်။ ယင်း ညီလာခံတွင် လုံခြုံရေးကောင်စီ၏ ဖွဲ့စည်းမှုဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်လည်းဖြစ်သည်။

အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် အလှည့်ကျ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီ၏ လုပ်ငန်း၏ အနှစ်ချုပ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်သော်လည်း ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုများကြောင့် ယူကရိန်းမှသည် ဂါဇာကမ်းမြောင်အရေးအထိတိုင် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပေ။

လက်တင်အမေရိကမှ နောက်ထပ် တစ်နိုင်ငံ၊ အာဖရိက နှင့် အာရှမှ နောက်ထပ် နှစ်နိုင်ငံတို့ဖြင့် အမြဲတမ်းအဖွဲ့ဝင် အရေအတွက်ကို ၅ နိုင်ငံမှ ၁၀ နိုင်ငံအထိ တိုးချဲ့သွားရန် သူ အဆိုပြုသွားမည် ဖြစ်ကြောင်း အင်္ဂါနေ့က အင်တာဗျူးတစ်ခုတွင် စတပ်ဘ်က ပြောဆိုခဲ့သည်။

“ကုလလုံခြုံရေးကောင်စီမှာ တစ်နိုင်ငံတည်းက ဗီတိုအာဏာ သုံးခွင့်မရသင့်ပါဘူး” ဟု သူက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့သည်။

ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်တို့နှင့်အတူ ဗီတိုအာဏာ ကျင့်သုံးခွင့်ရရှိထားသည့် အမေရိကန်ပြည်ထောင်စုက အာဖရိကဒေသအတွက် အမြဲတမ်းအဖွဲ့ဝင်နှစ်နေရာကို ထောက်ခံထားသည်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here