ဘော်လ်တီမိုးတံတားတိုက်မှု လျော်ကြေးဒေါ်လာသန်း ၁၀၀ တောင်း

0
23
This handout photo obtained from the US Coast Guard on March 31, 2024 shows a portion of of the collapsed Francis Scott Key Bridge resting upon the container ship Dali in the Patapsco River, in Baltimore, Maryland, on March 30, 2024. - The complex process of clearing the tangled wreckage of the Baltimore bridge that collapsed spectacularly this week began on March 30 with removal of a first section, officials said. The collapse killed six people and blocked traffic through the busy US port. (Photo by Kimberly REAVES / US COAST GUARD / AFP)

ဘော်လ်တီမိုး၊စက်တင်ဘာ ၁၉

အမေရိကန်နိုင်ငံရှိ ဘော်လ်တီမိုးတံတားကို ဝင်တိုက်ခဲ့သည့် စင်္ကာပူနိုင်ငံပိုင်သင်္ဘောပိုင်ရှင်နှင့် မောင်းသူ တို့ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကိုလျော်ကြေးအဖြစ်ပေးဆောင်‌ရန် အမေရိကန်တရားရေးဌာနက ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

မီတာ ၃၀၀ အရှည်ရှိသည့် M/V Dali အမည်ရှိ အဆိုပါသင်္ဘောသည် မတ်လ ၂၆ ရက်က Francis Scott Key တံတားတိုင်ခြေအား ကို ဝင်တိုက်မိခဲ့သဖြင့် တံတားပြိုကျမှုကြောင့် အနီးနားရှိလမ်းလုပ်သား ခြောက်ဦး ‌ေ-သဆုံးခဲ့ရပြီး ကုန်သွယ်ရေးအတွက်စည်ကားအရေးပါသော သင်္ဘောလိုင်းများသွားလာမှုကိုလည်း ပိတ်ဆို့စေခဲ့သည်။

တံတားပျက်စီးခဲ့ရမှုအတွက် တာဝန်ရှိသူများထံမှသာ ထိုက်သင့်သည့်အဖိုးအခကိုပြန်လည်ရယူသွားမည်ဖြစ်ပြီး အခွန်ဆောင်နေရသည့် အမေရိကန်နိုင်ငံသားများနှင့်မသက်ဆိုင်သဖြင့် တရားရေးဌာနကယခု ကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

တရားရေးဌာနကမူ အဆိုပါတရားစွဲဆိုငွေကြေးတောင်းခံမှုသည် ယခုဖြစ်စဉ်အတွင်း ကုန်ကျခဲ့သော အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို ပြန်လည်ရရှိရန်နှင့် တံတားအပျက်အစီးများကို ဖယ်ရှားရန်အတွက် ရည်ရွယ်ထားသည်ဟုလည်းပြောကြားခဲ့သည်။

Dali သင်္ဘောသည် ဘော်လ်တီမိုးဆိပ်ကမ်းမှခွာကာ သီရိလင်္ကာသို့ ဆက်လက်ခုတ်မောင်းလာစဉ် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ထိန်းချုပ်ရခက်ကာ တံတားတိုင်ခြေ ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here