မုန်တိုင်း”ဆိုးလစ်ခ်”အရှိန်ကြောင့် မနက်ဖြန်မှစ၍ စက်တင်ဘာ ၂၅ ရက်အတွင်းတိုင်းနှင့်ပြည်နယ် (၁၃)ခု၌ မိုးသည်းထန်စွာရွာမည်

0
38

အပူပိုင်းမုန်တိုင်း”ဆိုးလစ်ခ်”အရှိန်ကြောင့် မနက်ဖြန် စက်တင်ဘာ ၂၀ ရက်မှစ၍ စက်တင်ဘာ ၂၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၃)ခု၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ စက်တင်ဘာ ၁၉ ရက်မွန်းလွဲ ၂ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ မုန်တိုင်းသည် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေခြင်းဖြစ်ကာ ၎င်း၏အကြွင်းအကျန်တိမ်တိုက်များနှင့်လေပွေလှိုငိးများသည် မနက်ဖြန် စက်တင်ဘာ ၂၀ ရက်၌ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသ များသို့ စတင်ဖြတ်ကျော်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလက အသိပေးခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန်လည်း မိုးဇလက အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here