မကွေးတိုင်းရှိ မြို့(၃)မြို့တွင် ယနေ့ညပိုင်းက သစ်ပင်များလဲကျကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်

0
25

မကွေးတိုင်းရှိ မကွေးမြို့၊ အောင်လံမြို့နှင့် သ ရက်မြို့တို့တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်ညပိုင်းက နာရီပိုင်းသာခြား၍ သစ်ပင်များလဲကျမှုကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မကွေးမြို့၊ ကန်ပြားလမ်းရှိ မြို့ဝင်မုခ်ဦးအနီးတွင် ည ၈ နာရီ ၅၅ မိနစ်ခန့်က စိန်ပန်းပင်လဲကျကာ လမ်းပိတ်ဆို့နေသဖြင့် မကွေးခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ည ၈ နာရီခွဲကျော်ခန့်ကလည်း အောင်လံမြို့၊ ရွာထောင်ရပ်ကွက်ရှိ အောင်လံ-ပြည်လမ်းမကြီးပေါ်တွင် မယ်ဇလီပင်(၁)ပင်၊ ကျွန်းပင်(၁)ပင်နှင့် ကုက္ကိုပင်(၂)ပင်တို့လဲကျပြီး လမ်းပိတ်ဆို့နေသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ ည ၇ နာရီခွဲခန့်ကလည်း သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ အောင်မင်္ဂလာကျောင်းလမ်းပေါ်သို့ ဇီးပင်လဲကျနေ၍ သရက်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှင်း လင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့(၃)မြို့၌ နာရီပိုင်းသာခြား၍ သစ်ပင်လဲကျမှုဖြစ်စဥ်များတွင် လူ‌ေ-သဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှု၊ အဆောက်အဦးပျက်စီးမှုများမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here