WHO ကလှူသည့် ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါကာကွယ်ဆေး ၂ သန်းကျော် (doses)ရောက်ရှိ

0
28

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှလှူဒါန်းသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ် ဆေး(OCV) ၂ ဒသမ ၄၅ သန်း(doses)သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၉ ရက်တို့က လေ ယာဉ်အမှတ် WW211 ဖြင့်ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

WHO မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၅ သိန်းတန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာ ကွယ်ဆေး(OCV)များအား ကျန်းမာရေးဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများအား ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားခဲ့သည့် မြို့နယ်/ရပ်ကွက်များမှ စာသင်ကျောင်းများ၊သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတဂေဟာ/ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဈေးများ၊ အစားအသောက်ဆိုင်တန်းများ၊ စက် ရုံ၊ အလုပ်ရုံများ၊ အကျဉ်းထောင်များ၊ လူနေထူ ထပ်ပြီးသန့်ရှင်းသောသောက်သုံးရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းသောနေရာများတွင် နေထိုင်သူများအား ဦးတည်အုပ်စုများအလိုက် ဦးစားပေးတိုက်ကျွေးသွားမည်ဖြစ်သည်။

ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည့် ကာကွယ် ဆေးများအား ဗဟိုကာကွယ်ဆေးအအေးခန်း(ရန်ကုန်)သို့ အအေးလမ်းကြောင်းမပြတ်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here