ဒုတိယခြေလှမ်းအဖြစ် ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိုင်ပြန်လာပြီ

0
25

ယနေ့စက်တင်ဘာ (၂၀)ရက်တွင် ONE က ပြုလုပ်မည့် ONE Friday Fights-80 ပွဲစဉ်အတွင်း ရိုးရာသွေးအေးကျားသွေးသစ်ဝင်းလှိုင်နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံသား Mavlolbek Kakhkaorov တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်သည် သွေးသစ်ဝင်းလှိုင်အတွက် ONE ၏ ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး၊ ယခုနှစ် ဇွန်လဆန်းပိုင်းက ပြုလ်ုခဲ့သည် ပထမအကြိမ် ပွဲစဉ်အတွင်း မွေထိုင်းဖိုက်တာ ခွန်ဆတ်ကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ထားသည်။

သွေးသစ်ဝင်းလှိုင်အ‌နေဖြင့် ပြိုင်ဘက်ဖြစ်သူကို မည်သို့ယှဉ်ပြိုင်ထိုးသ-တ်မည်ကို ပရိတ်သတ်က စိတ်ဝင်စားလျှက်ရှိနေကြသည်။

” မာကျောမှုလည်းရှိ၊ ပညာဂုဏ်မြင့်တဲ့
သွေးအေးကျား တိုက်စစ်ဖွင့်ကစားမလားစိတ်ဝင်စားတယ်။သေချာပြင်ဆင်ပြီးလာလိမ့်မယ်လို့ခန့်မှန်းမိပါတယ်။” ဟု ရိုးရာ လက်ဝှေ့ဝါသနာရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြိုင်ဘက်ကစားသမားနှစ်ဦး ဆေးစစ်ဝိတ်ချိန်ပြီးပြီဖြစ်ကာ ONE ၏ ပွဲထွက်ခွင့် သတ်မှတ်ချက်အတွင်း ဝင်ရောက်ကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်နှင့် ထိုးသ-တ်မည် ဥဇဘတ်ကစ္စတန် နိုင်ငံသားမှာတိုက်ခိုက်ရေးပိုင်းတွင် အလွန်အားကောင်းသည်ဟုသိရှိရပြီး၊ မာဂုဏ်မြင့် ကစားသမားတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ယခုလ စက်တင်ဘာ(၂၇)ရက်တွင် ကျင်းပပြုလုပ်မည့် ONE Friday Fights 81 ပွဲစဉ်တွင်လည်း ရိုးရာ ဖိုက်တာ သံမဏိ စိုးလင်းဦး မွေထိုင်း ဖိုက်တာ နဘီးလ်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ရိုးရာဖိုက်တာ သန့်ဇင်တို့ အနေဖြင့်လည်းဂျပန်နိုင်ငံသား ကစ်ဘောက်ဆင်ချန်ပီယံ တာကဲရုဖြင့် ယှဉ်ပြိုင်ကစားသွားရန်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here