မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွား

0
21

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ စံပယ်လမ်းတွင် ယနေ့ စက်တင်ဘာ (၂၀) ရက်၊ နံနက်အစောပိုင်း (၁) နာရီ (၁၂)မိနစ်အချိန်ခန့်က မီး လောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ် မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသ တ်ခဲ့ကြောင်း သိရသည်။

“ပလာဇာအနောက်ပေါ့။ အထည်ဆိုင် ဂိုထောင်လားအထည်ဆိုင်ပဲလား မသိဘူး။ လူလည်း မရှိဘူးနဲ့ တူတယ်။ တော်ပါသေးတယ်။ အမြန်ငြှိမ်းသတ်လိုက်နိုင်လို့”ဟု ဖြစ်စဉ် အနီးနား ဝန်းကျင်နေထိုင်သူ တစ်ဦးက ပြောသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် အစောပိုင်း (၁)နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ (၁၈)ရက်၊ နေ့လယ် (၁)နာရီ (၅၅)မိနစ်အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၁၈)လမ်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here