မန္တလေးတိုင်း မြို့နယ်သုံးမြို့နယ်ရှိ ကျေးရွာများသို့ ပြင်ဦးလွင် မူစလင်လူမှုကူညီရေးအသင်း မှကျပ်သိန်း(၄၀၀)တန်ဖိုးရှိ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း

0
26

မန္တလေးတိုင်း မြို့နယ်သုံးမြို့နယ်ရှိ ကျေးရွာများသို့ ကျပ်သိန်း(၄၀၀)တန်ဖိုးရှိ စားနပ်ရိက္ခာများကို ပြင်ဦးလွင် မူစလင်လူမှုကူညီရေးအသင်း(Pyin Oo Lwin Muslim Aid) က ယမန်နေ့ စက်တင်ဘာ (၁၉)ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာ၌ မြစ်သားနှင့် ပုလိပ်မြို့နယ်အတွင်းရှိ ခံလူး၊ လက်ပံချိုင့်၊ တဘက်ဆွဲကျေးရွာနှင့် ကျောက်ဆည်မြို့ နယ်အတွင်းရှိ ဆူးလေကုန်း၊ လက်ပံကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အဖွဲ့အနေဖြင့် အဆိုပါ ကျေးရွာများသို့ ထောက်ပံ့လှူ ဒါန်းမှုပြုရာတွင် ခေါက်ဆွဲဖာ(၁,၂၀၀)၊ ရေသန်(1)လီတာအ တွဲ(၁,၂၆၀)၊ မုန့်ကြွပ်ထုပ် (၁,၂၃၀)၊ မဝတ်အထည် (၃၇) ထု ပ်၊ ကျားဝတ်အထည် (၁၅)ထုပ်၊ ကလေးဝတ်အထည် (၉) ထုပ်၊ ဘာလချောင်ကြော် (၁၀)သား အထုပ် (၅၀၀)နှင့် ကျေး ရွာများတွင် တစ်ဦးချင်း ငွေသားအလှူအပါအဝင် တန်ဖိုးငွေကျပ်သိန်း(၄၀၀)ကျော်အား ပြင်ဦးလွင်မြို့မှ အလှူရှင်များကိုယ်စား ပထမအကြိမ်သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သီးခြားဖွဲ့စည်းထားသည့် သဘာဝဘေးသင့်ပြည်သူများ ပံ့ပိုးကူညီရေးကော်မတီက တောင်ငူနှင့် တပ်ကုန်းဒေသရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃,၀၀၀) အတွက် စားနပ်ရိက္ခာများ စတင်ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here